မမ

Monday, December 29, 2008

မာယာ..များတဲ့နှင်းဆီ





ပန်းတွေကြားမှာဆူးရှိတဲ့ပန်းနှင်းဆီ

ချစ်သူတွေကြားမှာမတရားရေပန်းစားတယ်

ကောင်လေးတစ်ယောက်..က..ကောင်မလေးတစ်ယောက်ကို

ပိုင်ဆိုင်ဖို့ နှင်းဆီတွေကို..အသုံးချတယ်

ကောင်မလေးတစ်ယောက်က...သူချစ်နေတဲ့ကောင်လေးကိုရဖို့

နှင်းဆီပန်းတွေဝယ်...ခိုင်းတတ်တယ်

စိတ်ကောက်တဲ့အခါနှင်းဆီတွေနဲ့ ချော့တယ်

သိပ်ချစ်လာရင်...နှင်းဆီတွေပို့ တယ်

သိပ်ကြေကွဲလာရင်.နှင်းဆီတွေနဲ့ စကားပြောမယ်

ဝေးသွားတဲ့အခါ..နှင်းဆီတွေကိုတိုင်တည်တယ်

လူတွေကမာယာများတာလား...နှင်းဆီကများတာလား

ဘာပဲပြော..ပြော..နှင်းဆီနီတွေနဲ့ ကောင်လေးတစ်ယောက်

ရင်တစ်ခုလုံးဗြောင်းဆန်.....အောင် မွေနှောက်သွားတာ

နှင်းဆီရဲ့မာယာလား...ကောင်လေးရဲ့မာယာလား

Labels:


Posted by Anonymous :: 11:08 AM :: 4 Comments:

Post / Read Comments

---------------oOo---------------