မမ

Monday, December 29, 2008

နှင်းဆီနက်တွေပွင့်ကုန်ပြီ




ချစ်သူနှစ်ဦး...

ပျိုးခဲ့တဲ့ပန်းခင်းလေး

လှပတဲ့အရောင်တွေရွေးလို့ .. ကြည်နူးခဲ့ဖူးတယ်





ချစ်သူရွေးတဲ့နှင်းဆီပြာ..

ဘာကိုဆောင်သလဲမေးဖူးတယ်

တို့ နှစ်ဦးအချစ်..

လှပလွန်းလို့ အပြာရောင်နဲ့ ဂုဏ်ပြုတာတဲ့
ဲ့

ချစ်သူရွေးတဲ့နှင်းဆီဝါ.. ဘာကိုဆောင်သလဲမေးဖူးတယ်

တို့ နှစ်ဦးလျှောက်တဲ့.. လမ်းကလေးလင်းလင်းရှင်းရှင်း

ဝါ၀ါဝင်းဘို့ ... အ၀ါရောင်နဲ့ ဂုဏ်ပြုတာတဲ့

ချစ်သူရွေးတဲ့နှင်းဆီနီ.. ဘာကိုဆောင်သလဲမေးဖူးတယ

တို့ နှစ်ဦးအချစ်.. အမြဲသစ်နေဘို့ လန်းဆန်းနုသစ်

စွေးစွေးနီတဲ့... အနီရောင်လေးနဲ့ ဂုဏ်ပြုတာတဲ့
ဲ့

ချစ်သူရွေးတဲ့.. ပန်းရောင်နုနု လှလွန်လွန်းလို့ 

ဘာကိုဆောင်သလဲမေးဖူးတယ်

တို့ နှစ်ဦးလျှောက်မယ့်...... မင်္ဂလာလမ်းလေး

လှပဂုဏ်တက်.. အရောင်လက်စေဖို့


ပန်းနုရောင်လှလှနဲ့  ..ဂုဏ်ပြုတာတဲ့

ချစ်သူရွေးတဲ့.. ဖြူလွတဲ့နှင်းဆီ

ဘာကိုဆောင်သလဲမေးဖူးတယ်


တို့ နှစ်ဦးချစ်တဲ့အချစ်.. ဖြူစင်လွန်းလို့ 

သန့် စင်လွန်းတဲ့...... အဖြူရောင်နဲ့ ဂုဏ်ပြုတာတဲ့

လှပတဲ့တို့ နှစ်ဦးရဲ့ နှင်းဆီခင်းမှာ

အတူတူပျော်မြူး...... နှင်းဆီဖူးတွေခူးဖူးတယ်

ချစ်သူပျောက်ဆုံးတဲ့..ဒီမနက်မှာတော့

လှပတဲ့နှင်းဆီတစ်ခင်းလုံးအံ့သြလောက်အောင်

တို့ နှစ်ဦးမရွေးချယ်ခဲ့တဲ့.. နှင်းဆီနက်တွေပွင့်နေတယ်


မမ

Labels:


Posted by Anonymous :: 5:12 PM :: 1 Comments:

Post / Read Comments

---------------oOo---------------