မမ

Thursday, June 11, 2009

သခင်မျိုးဟေ့ ဒို့ဗမာ(သို့)သခင်ချက်ကြီး(၃)


သနပ်ခါးတွေဖွေးနေတဲ့ မိအေးမျက်နှာလေးကို ငေးကြည့်ရင်းကျူပ်ရင်မှာ အမှန်ကိုပူလောင်လာတော့တယ်။
ရိုးစင်းလွန်းတဲ့ ဘ၀တွေကိုဖြတ်သန်း နေကြတဲ့ ကျူပ်တို့တွေဟာ၊ စားဘို့နဲ့ နေဘို့သာရှိလို့ကတော့
တစ်ကယ့်ကိုပဲ အပူအပင်နဲပါတယ်။
အတွေးစတွေကိုဖြတ်ရင်း ဘာလုပ်ရမယ်ပြောလဲ ဘယ်လောက်ရမယ်ပြောလဲလို့ ကျုပ်မေးခွန်းကို မိအေးက
ဘာမှတော့အထွေအထူး မလုပ်ရဘူးပြောတာပဲ။
ဒါပေမဲ့ လိုအပ်တဲ့အချိန်တွေတိုင်း ခေါ်မယ်မိန်းမနဲ့ခလေးတွေကို ပိုကြိုက်တယ်လူကြီးအိုအိုကြီး တွေလဲရတယ်
အမယ်အိုတွေလဲရတယ် ယောင်္ကျားပျိုတွေကတော့ ကိုကျော်ကြားတို့က သေချာစီစစ်ပြီးမှ လက်ခံမယ်တဲ့။
ကဲကြားတဲ့အတိုင်းပဲ အလုပ်ခေါ်ပုံက အင်မတန်မှအံ့သြစရာ မကောင်းဘူးလားအဘွားအိုတွေလဲရတယ် ဆိုတော့ အရီးရောရမှာလားလို့ကျူပ်မေးတော့ မိအေးတို့မနက်ဖြန်အတွက် ပေတူးပါသုံးယောက်စာရမယ်တဲ့။
မိသားစုဖြစ်တဲ့အတွက် စားပြီးသောက်ပြီတစ်ယောက်တစ်ထောင် ရမယ်တဲ့။
တစ်ယောက်ထဲဆိုရင်တော့တစ်ထောင့်ငါးရာ ရမယ်တဲ့ ဆိုတဲ့မိအေး စကားသံတွေက ကျူပ်ရင်ကိုအတွေးပိုစေတာပဲ။ ကျုပ်အဖြေစကားကို စောင့်နေတဲ့မိအေးတို့သားအမိကို လမ်းစရိတ်ကရောဘယ်အထိသွားရ မှာလဲလို့ကျုပ်မေးတော့ ကျမတို့ကဒီရပ်ကွက်ကဆိုတော့ ကိုကျော်ကြားတို့နဲ့ အတူတူစုရပ်ပဲတဲ့ သူတို့လာခေါ်မယ်တဲ့။
အရီးလေးရောပေတူးပါသားအမိ သုံးယောက်ဆိုတော့ ဘာပူစရာရှိတုန်း သွားကြည့်ပေါ့။

တစ်ကယ်လို့ အဆင်မပြေဘူးဆိုရင်တော့ ကျုပ်အန်တီလှကို အလုပ်ပြောထားပြီးပြီ မိအေးနဲ့ပေတူးနှစ်ယောက်
လုံးအတူတူ လုပ်ရမှာပင်တော့ ပင်ပမ်းမယ်။
ကျုပ်စကားဆုံးတော့ မိအေးမျက်နှာဝင်းကနဲဖြစ်သွားတာ ဘယ်သူမှမရိပ်မိပေမဲ့ ကျူပ်ကတော့သိတယ်။

အမေကိုကြီးချက် နဲ့ပဲ အတူလိုက်လုပ်မယ် မိအေးလုပ်နိုင်ပါတယ် ဆိုတဲ့စကားသံဟာ ကျူပ်
ရဲ့သောကနဲ့ပူလောင်နေတဲ့ ရင်ကိုချက်ခြင်းလက်ငင်းအေးမြသွားစေတာပဲ။
မနက်ဖြန်သွားကြည့် လိုက်ပါပြောထားပြီး မသွားရင် တစ်ရပ်ကွက်ထဲသမားတွေ မကောင်းဘူး အခြေအနေ
ကြည့်ပေါ့ အဲအရီးဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာတော့ ကျုပ်ကို အကုန်ပြန်ပြောဗျာ ကျုပ်သိချင်တယ်ဆိုတဲ့စကား
ကို အရီးက မလိုက်ချင်ပါဘူးအေ ဒီအရွယ်ကြီး ဘာလုပ်ရမှန်းမသိ မလုပ်တတ်မကိုင်တတ် နဲ့လို့ ရွံတွန့်တွန့်ပြောတဲ့ အ
ရီးကို ကျူပ်အမေက လိုက်သွားစမ်းပါ အေးတင်ရယ်။

အသက်ခြောက်ဆယ်ဆို ပညာတတ်ကြီးတွေတောင် အငြိမ်းစားယူနားခိုင်းတဲ့ ကျူပ်တို့တိုင်းပြည်မှာ ခလေးလူ
ကြီး အမယ်အိုအဘိုး အိုတွေအလုပ်ရတယ် ဆိုတော့ ကျူပ်သိချင်စမ်းတယ် အေ ကျုပ်မလိုက်နိုင်လို့ အဟုတ်ပဲလိုက်ချင်
စမ်းတယ် လိုက်သွားအေ ပြီးရင် တစ်လုံးမကျန်ပြန်ပြော ကျူပ်နားတောင်မယ်။
ကဲကဲ မနက်သွားရမယ်ဆိုတော့ စောစောအိပ်ကြတော့ လို့ကျုပ်နုတ်ဆက်စကား ဆိုတော့ မိအေးတို့သုံးယောက်
ကျုပ်တို့ရဲ့တစ်ဖက်ရပ် တဲလေးထဲကခေါင်းငုံထွက်ရင်း သူတို့ရဲ့ တဲကိုကူးသွားကြလေရဲ့။
တစ်နေ့ကုန်ပင်ပမ်း တဲ့ဒဏ်ကိုငါးသလောက်ပေါင်းစားထားတဲ့ အရှိန်က ကျုပ်မျက်လုံးတွေကို မှေးစင်းလာတော့
တယ် အောက်က၀ါးကြမ်းနဲ့ ကျူပ်ကျောကုန်းနဲ့ ထိတွေ့ရတဲ့ အရသာဟာ ကျုပ်အတွက်တော့ အင်မတန်မှကို
တန်ဘိုးရှိလွန်းတယ်။
ကျူပ်အမေရဲ့ဘုရားရှစ်ခိုးသံဟာ ကျုပ်နားစည်ကို တိုးတိုးပျံ့လွင့် လာပြီးတဲ့နောက်မှာတော့ ကျုပ်နှစ်နှစ် ခြိုက်ခြိုက်ကို
အိပ်ပျော်သွားတော့တယ်။

ဟော..ဒီကပဲပြုတ်..ဆိုတဲ့.အချိန်မှန် နိုးစက်သံကြောင့် ချက်ကြီးလူးလွန့်လာတယ်ဆိုေ၀၀ါးဝါးနဲ့အတွေး
တွေထဲမှာ မိအေးတို့အလုပ်သွားမယ်ဆိုတဲ့ အသိက ခါတိုင်းထက်ချက်ကြီးကို အိပ်ယာထဘို့သွက်လက်စေခဲ့တယ်။
တဲအပြင်ကိုခေါင်းငုံ ထွက်လိုက်ရင်း မိအေးတို့တဲဘက်ကို လှမ်းကြည့်လိုက်တယ်ဆို အဖြူကနေ၀ါကျင်ကျင်အ
ရောင်ကိုပြောင်းနေတဲ့ ရှပ်အကျီအဖြူလက်တို သနပ်ခါးတွေဖွေးနေတဲ့ ပေတူး အကွက်အနီအစိမ်းစပ်ထားတဲ့ ဘောင်းဘီပွပွ
ကြီးနဲ့ အလုပ်သွားဘို့ အဆင့်သင့်ဖြစ်နေတော့တယ်။
ကိုကြီးချက် ကျနော်တို့လဲသွားတော့မှာလို့ လှမ်းအော်တယ် အရီးနဲ့မိအေးရောလို့ ကျုပ်အသံဆုံးတော့ ဒီမှာ
ဆိုတဲ့ အသံနဲ့အတူ မိအေးနဲ့အရီးကို တွေ့ရတယ်။
ဝင်းသူဇာကရောင်းတဲ့ ပါတိတ်အနီရောင် ၀မ်းဆက်လေးဟာမိအေး ရဲ့ကိုယ်ပေါ်မှာဖြူဖြူစင်စင် ရှိပေမဲ့အတော့်ကိုပဲ
နွမ်းနေပြီ သနပ်ခါးပါးကွက်နဲ့ ဆံပင်တွေကို ခပ်မြင့်မြင့် စုချည်ထားတယ်။
အရီးကတော့ ပါတိတ်အနက်ပွင့် အရိပ်ပန်းရင်ပုံး သနပ်ခါးဖွေးဖွေး နဲ့ အလုပ်သွားမှာဆိုတော့ အသက်၆၂ နှစ်ရှိတဲ့
အရီးကိုကြည့်ပြီး ချက်ကြီးပြုံးမိတော့တယ်။
အရီးရှက်သွားမှာစိုးတာကြောင့် စောလှချည်လား အရီးတို့က လို့ကျုပ်ပြောတော့ မိအေးကစုရပ်ကနေကား
လာခေါ်မှာသွားစောင့်ရမှာ ကိုကြီးချက် ဘာမှစိတ်မပူနဲ့ ပြန်လာရင်ကိုကြီးချက်ကို အကုန်ပြန်ပြောပြမယ် ဆိုတဲ့စကားက
မိအေးအပေါ်မှာကျူပ်ရဲ့ ယုံကြည်မူ့တွေပိုတိုးသွားသလို ကျုပ်ရင်မှာလဲ အတော်ကိုစိတ်ချလက်ချရှိသွားတယ်။
မိအေးတို့သုံးယောက်ကို လမ်းထဲကလူတွေက နုတ်ဆက်ကြတယ် မိစိန်ကမိအေးရေ နောက်နေ့ကျုပ်
လိုက်မှာနော် ညည်းပြောခဲ့အေ ဒီဖက်ကအလုပ်ကို ဒိနေ့ရပ်ဘို့ပြောခဲ့မှာလို့ လှမ်းအော်တယ်။
အေးပါ မမေ့ပါဘူးလို့ မိအေးပြန်ပြောရင်း လမ်းထိပ်ကွမ်းယာဆိုင်မှာစောင့်နေတဲ့ ကိုကျော်ကြားစီ
သွက်သွက်လှမ်းရင်း ပေတူးလိမ်လိမ်မာမာ နေရမှာနော်လို့ မောင်လေးကိုသတိပေးတော့ ပေတူးခမြာ ခေါင်းငြိမ့်ရှာတယ်။

ကိုကျော်ကြားနဲ့ ကားဂိတ်ကိုလမ်းလျောက်ရင်း ကိုကျော်ကြားကဘာမှမပူနဲ့ ဒီနေ့ရွေတိဂုံဘုရားကိုသွားရ
မှာဒီကပဲတန်းသွားမယ် ဟိုရောက်ရင်အဖေါ်တွေ တွေ့မယ်အရီးတို့လို မိသားစုတွေကြီးပဲ ဘာမှလုပ်စရာမလိုဘူး ထိုင်နေ
ယုံပဲဆိုတဲ့ စကားကိုတအံ့တစ်သြနားထောင်ရင်း ရပ်လာတဲ့လိုင်းကားပေါ် တိုးတက်ကြရင်း ကိုကျော်ကြားကပဲ လမ်းစရိတ်
ရှင်းပေးတယ်။
နေရာရတော့ နေ့တိုင်းလုပ်ရမှာလား လို့မိအေးရဲ့အမေးကို အဲလိုတော့မဟုတ်ဘူး အခုကိုကျော်
ကြားအမျိုးတွေဆိုပြီး ပြောပေးရတာ အမြဲတမ်းအတွက်ကတော့ ၀န်ထမ်းမိသားစုတွေကို ပြောပြီးခေါ်ယုံပဲလေ ဒါပေမဲ့မိအေး
တို့လုပ်ချင်တယ် ဆိုနေ့တိုင်းရအောင် ကိုကျော်ကြားပြောပေးမှာပါတဲ့။
အဲလိုနဲ့တောင်ဘက်မုတ်ကိုရောက်လာ တယ်ဆိုရင်ပဲ အမေကမရောက်တာကြာလှ ပြီဖြစ်တဲ့ရွေတိဂုံဘုရားကြီး
ကိုလက်အုပ်တစ်ချီချီ နဲ့ ကိုကျော်ကြားက အရီးအပေါ်ရောက်ရင်စိတ်အေး လက်အေးသာဖူး ဒီနေ့လမ်းကြောင်းကနောက်ကျ
မယ်ပြောတယ်။
လမ်းကြောင်းဆိုတာ ကိုနားမလည်ပေမဲ့မိအေး မမေးတော့ပါဘူး ဓါတ်လှေခါးနဲ့ တက်ခဲ့တယ်ဆို ရင်ပြင်တော်
ပေါ်ခဏလေး ရောက်လာတယ်။
ရွှေရောင်ဝင်းဝါနေတဲ့ ဘုရားကြီးကိုတွေ့တော့ ဟန်မဆောင်နိုင်လောက်အောင် သုံးယောက်တိုင်ပင်မထားပဲ ဦးချ
ကြတယ်ကိုကျော်ကြားကတော့ သူ့ပုံစံသူ့အရွယ်တွေနဲ့စကား ရပ်ပြောနေတယ် ရှစ်ခိုးနေတဲ့မိအေးတို့သုံး ယောက်ကိုလဲလက်
ညိုးထိုးပြီး ဘာတွေပြောမှန်းတော့ အတော်လှမ်းတော့ မိအေးလဲကွဲကွဲပြားပြားမသိတော့ဘူး။
ပြီးတော့လူတစ်ယောက်နဲ့ မိအေးတို့ကိုထားခဲ့တယ် အထပ်ထပ်မှာခဲ့တယ် စိတ်မပူဘို့မကြောက်ဘို့ ထမင်းစားချိန်
ထမင်းထုတ်လာဝေမယ်ဆိုတဲ့ အကြောင်း ဘုရားပေါ်ရောက်တယ်ဆိုထဲက ငြိမ်းချမ်းနေတဲ့ မိအေးတို့ သုံးယောက်မပူပါဘူးပျော်
တောင်ပျော်သေး မရောက်တာကြာပြီဖြစ်တဲ့ ဘုရားကြီးကို ငေးမောရင်းအလုပ်လုပ်ဘို့ လာတယ်ဆိုတာတောင်မေ့နေတယ်။
အဲဒီလူခေါ်လာတဲ့ သောကြာထောင့်ကတစ်စောင်းကြီးထဲမှာ မိအေးတို့လိုအဆင်တူအသွေးတူ တွေအများကြီး
မိအေးပြောချင်တာ မိအေးတို့လိုအခြေခံ လူတန်းစားမိသားစုတွေ အဟုတ်ပဲ လူကြီးလူငယ် ရွယ်စုံ နို့စို့ခလေးပါပါတယ်။
ပေတူးကတော့ ပျော်ချက်ကမ်းကုန်ပဲ သူလိုအရွယ်တွေရောပဲ နို့စို့နေတဲ့ခလေးငယ်လေးကို သူရောတစ်ထောင်
ရလားလို့ ပေတူးရယ်သွားမေးလို့ မိအေးခမြာကဗျာကရာ စကားလွဲရတယ်။
တစ်ကယ်ပါ တစ်နေကုန်ဒီအတိုင်းပဲ ခလေးတွေကလွဲလို့ လူကြီးတွေကို ဟိုသွားဒီသွားတာကြိုက်ပုံ မရလို့မိအေး
ကတော့မသွားပေါင်၊မိအေးကလွဲလို့ ကျန်တဲ့သူတွေက လာနေကြတွေလို့ ထင်တာပဲ။
နာရီပြန်နှစ်ချက်လောက်မှာတော့ ထမင်းထုပ်တွေဝေတယ် ဒံပေါက်ထုပ်တွေတွေ့တော့ ပေတူးစွေ့စွေ့ခုန်နေတာပဲ
မိအေးတို့တွေ သူ့အစုနဲ့သူစားကြတယ်။
လူကြီးတွေကလဲ နားနားနေနေ ပဲလှဲတဲ့သူလှဲ စကားပြောတဲ့သူပြော ပုံမှန်ပါပဲ ဘုရားဖူးတွေလဲစည်ကားလို့ အမေ
ကတော့ဒီလိုမှန်းသိ သူ့ပုတီးလေးယူခဲ့ပါတယ် ပဲတစ်ဖွဖွပြောနေတာနဲ့ အမေနဲ့ရွယ်တူအဒေါ်တစ်ယောက်က ပုတီးများအပုံကြိုက်
တာယူစိတ်လို့ရတယ် ပြီးရင်သူ့နေရာသူပြန်ထား ယုံပဲလို့လက်ညိုးထိုးပြရင်း ပြောတာနဲ့မိအေးယူပေးလိုက်တယ် ဆိုအမေကပုတီး
တစ်ဂျောက်ဂျောက် လုပ်တော့တာပဲ။
အမှန်အတိုင်းပြောရင် မိအေးပျင်းလာပြီ ဘုရားပေါ်လျှောက်ပတ် နေရရင်တော့တစ်မျိုးလေ အခုကဒီစောင်းတန်းထဲ
ထိုင်နေရတာကိုက တစ်နေကုန်တော့မှာလေ ဘာလို့မိအေးတို့လူမျိုးတွေ ဘုရားစောင်းတန်းထဲထည့် တစ်နေ့တစ်ထောင်ပေးရတာ
လဲ ဘုရားကြီးမှာလဲ ဘုရားဖူးတွေများအပြည့်ကို မိအေးတို့ကဘာလိုလို့လဲ အင်းမိအေးလဲမတွေး တတ်ပါဘူး။
ငေးငေးငိုင်ငိုင်နဲ့ မိအေးနားရွယ်တူကောင်မလေး နှစ်ယောက်လာနုတ်ဆက်တယ် တစ်ခါမှမတွေ့ဘူးဘူး ကိုကျော်ကြား
ညီမလားဆိုတဲ့ အမေးကို မိအေးခေါင်းငြိမ့် အဖြေပေးတယ်။
ရွယ်တူဆိုတော့ ခဏလေးရင်းနှီးမူ့ရကြ တော့တာပဲ မိအေးလဲတို့ဒီလိုပဲထိုင်နေရ မှာလားဘာမှမလုပ်ရဘူးလားလို့
မေးတယ်ဆိုရင် အဲဒီကောင်မလေးနှစ်ယောက်က လျှာတစ်လစ်ထုတ်ရင်း နင်မသိဘူးလားလမ်းကြောင်း ရှိလို့လာစောင့်နေပေးရ
တာလေတဲ့ လူကြီးတွေလာရင် တို့ကဘုရားဖူးတွေပေါ့ တစ်ချို့လူကြီးတွေက စောင်းတန်းတွေလျှောက်ကြည့်ရင် တို့ကရိုသေသမူ့
နဲ့ လက်အုပ်ချီပေးရမယ် အဆင်ပြေကြလား မေးခဲ့ရင် ပြေပါတယ် ဒါပဲပြောရတာလေ၊တစ်ခါတစ်လေ လာမယ်ဆိုပြီး မလာရင်
ထမင်းစားဘုရားဖူးပိုက်ဆံယူ ပြန်ယုံပဲ၊ ဒီတစ်နေရာထဲတော့ မဟုတ်ဘူး သူတို့ချပေးတဲ့နေရာ သွားရတာလို့ ရီရီမောမော ပြော
နေတဲ့ သူတို့ကိုငေးကြည့်ရင်း မိအေးရင်မှာ ဟာတာတာကြီး မိအေးတို့ဝင်ငွေနဲ့ ဘယ်လိုမှဝယ်မစားနိုင်တဲ့ ကြက်သားနဲ့ဒံပေါက်
မပင်မပမ်းရတဲ့ ငွေတစ်ထောင် ရွေတိဂုံဘုရားကြီးရဲ့ စိန်ဖူးတော်ကြီးကို လက်အုပ်ချီမော့ကြည့်ရင်း မိအေးမျက်ရည်တွေ အလိုလို
ကျလာတယ်။
ပျော်နေတဲ့ အပျော်တွေလဲရင် ထဲမှာပျောက်ဆုံးလို့ အမေမသိအောင် တိုးတိုးလေးရေရွတ်မိတယ်။ အတုမိအေး
ပြည်သူအတု ဘုရားဖူးအတု ဘုရားဖူးဘို့အဆင်ပြေလွန်းလို့ ဘုရားပေါ်မှာအေးချမ်းချမ်းလာထိုင် နေတာပါလို့ လူကြီးတွေကိုညာ
ရမှာတဲ့ မဟုတ်ဖူး မဟုတ်ဖူး မိအေးတို့သားအမိ သုံးယောက်စားစရာမရှိလို့ ပိုက်ဆံတစ်ထောင်ရမယ်ထမင်းကျွေး မယ်ဆိုလို့
လိုက်လာ ခဲ့တာမှားပြီ ဆိုတဲ့အသိက မိအေးရင်ကိုပူလောင်လာတယ်။
လိမ်စရာမရှိငါနဲ့ ရွေတိဂုံဘုရားကြီးပေါ်တက်ပြီး လိမ်ရတယ်လို့ ပုတီးတစ်ဂျောက်ဂျောက် နဲ့အာရုံပြုနေတဲ့ အမေကို
လှမ်းကြည့်ရင်း မိအေးအော်ဟစ်ငိုချင်လာတယ်။ဗိုက်ဝလို့ အပူအပင်ကင်းစွာရွယ်တူတွေနဲ့ ဆော့နေတဲ့ပေတူးလေး၊ မိအေးထိုင်နေ
တဲ့တန်စောင်းရှေ့ကနေဖြတ်လျှောက်သွားတဲ့ မိအေးနဲ့ရွယ်တူတွေ အပူအပင်ကင်းစွာနဲ့ သွားချင်ရာသွားနေတဲ့ ဘုရားဖူးပြည်သူတွေ
ကို မိအေးမျက်ဝန်းမှာ မူံ့ဝါးဝါးပဲတွေ့တော့တယ်။
မိအေးရဲ့အတွေးတွေကို အခုနကောင်မလေးနှစ်ယောက်အသံကလှန့်နိုးလိုက်တယ် မိအေးတို့ကံကောင်းတယ်ဟေ့ ဒီနေ့
အစောကြီးပြန်ရမှာ လမ်းကြောင်းပြောင်းသွားပြီတဲ့ ပျော်စရာကြီးဆိုတဲ့ အသံအောက်မှာ မိအေးတို့ဘုဖူးဟန်ဆောင်ထားတဲ့ အုပ်စု
လူပ်လူပ်ရွရွ ဖြစ်လာတယ်။ထမိန်ပြင် ၀တ်တဲ့သူဝတ် ရေဗူးထီးဘိနပ် ကောက်သိမ်းသူသိမ်း မိအေးအမေ့ကို တိုးတိုးလေးသွားပြော
တယ် အမေပြန်ကြရအောင် ဆိုတော့ အမေကပုတီးစိတ်တာ ရပ်ပြီးဦးချတယ်။
ကိုကျော်ကြားလဲ မတွေ့လမ်းစရိတ်လဲ မပါ မိအေးပထမဆုံးသတိရမိတာ ကိုချက်ကြီးကိုပဲ အားလုံးကသူခေါင်းဆောင်
နဲ့သူ အရီးအေးတင် မိအေးလို့ခေါ်သံကြား လို့လှည့်ကြည့်တော့ ကိုကျော်ကြား ပြန်လို့ရပြီ ဒီနေ့မလာဖြစ်တော့ဘူး ဆိုတဲ့အသံ
အောက်မှာမိအေးခေါင်းပေါ်က အထုပ်ကြီးလျောကြ သွားသလိုပေါ့ပါးသွားတယ်။
ကိုကျော်ကြားပေးတဲ့ ငွေသုံးထောင်ကိုယူပြီးတဲ့ နောက်မှာတော့ မိအေးတို့မပြန်သေးဘူး ဘုရားလှည့်ဖူးဦးမှာ ကို
ကျော်ကြားပြန်ရင်ပြန်လေ လို့မိအေးပြော တော့ သုံးယောက်စလုံးမိအေးကို တအံ့တသြကြည့်ကြတယ်။
ရတယ်လျောက်ကြည့်လေ ကိုကျော်ကြားအားပါတယ် ပြီးအတူပြန်ကြတာပေါ့ဆိုတဲ့ အသံအောက်မှာမိအေးနှစ်နှစ်
ခြိုက်ခြိုက်ပြုံးလိုက်ရင်း အားလုံးရဲ့ရှေ့ကနေ ဦးဆောင်ပြီးမိအေးထွက်ခဲ့တယ်။
လူတစ်ကိုယ်လုံးပေါ့ပါး ပြီးလွပ်လပ်တဲ့အရသာကအတော်ကိုကျေနပ်စရာကောင်းလွန်းတယ်၊အဆင်းလှေခါးတစ်ခုတွေ့တော့
မိအေးအားလုံးကို ဒီမှခဏစောင့်မိအေးပြန်တက်ခဲ့ မယ်လို့ပြောရင်း လှေခါးထစ်တွေတစ်လျောက် ပျော်ပျော်ကြီးကို
ပြေးဆင်းခဲ့တယ်။
ဝယ်ပါယူပါတစ်စာစာ အော်နေတဲ့ဈေးသည်တွေစီက
အမွေးတိုင်ဘုရားပန်း ဆီမီးတိုင် အောင်သပြေတွေဝယ် လှေခါးထစ်တွေတစ်လျှောက် မမောနိုင်အောင်ပြေးတက်လာ တဲ့ မိအေး
ကို ပေတူးကအမ အများကြီးပဲပိုက်ဆံတွေကုန်ပြီလား ဆိုတဲ့အမေးကို မပူနဲ့မောင်လေးလမ်းစရိတ်ချန်ထားတယ်လို့ပြောရင်း အမေ့ဘက်ကိုလှည့် ကိုကျော်ကြားရှေ့တင်ပဲ အမေနားလည်အောင် အမေ မိအေးတို့ကအခုဏအထိ ဘုရားဖူးအတုအမေ အခုအ
ချိန်ကစလို့ အမေရောသမီးရော မောင်လေးရော ပြည်သူအစစ် ဘုရားဖူးအစစ်ဖြစ်သွားပြီ အမေကြိုက်သလိုသွား ကြိုက်သလိုဖူး
ဘယ်သူက အမေ့ကိုမေးမေး အမေလိမ်ပြောစရာမလိုတော့ဘူး ရင်ထဲရှိတာပြောလို့ရပြီ၊အမေရင်ထဲက ကိုးကွယ်တဲ့သူလေးစားတဲ့
သူဘယ်သူ့ကို မဆို အမေလက်အုပ်ချီလို့ ရပြီ ဘယ်သူ့မှကြောက်ဖို့ မလိုတော့ဘူး ကိုကျော်ကြား မိအေးပြောတာ ဟုတ်တယ်နော်
လို့ စကားကိုအတည်ပြုတော့ မိအေးကိုကြည့်ရင်း အူကြောင်ကြောင်ခေါင်းငြိမ့် တယ်။
နားမလည်စွာယောင်နနဖြစ်နေတဲ့ ပေတူးလေးကို မောင်လေးရွေတိဂုံဘုရားကြီးကို လာရတာပျော်လားလို့ မေးတော့
ပျော်တယ်အမ နောက်လဲလာချင်တယ်လို့ဖြေတော့ မနက်ဖြန်ကိုကြီးချက်နဲ့ အလုပ်လိုက်လုပ်ရမယ် ပြီးရင်ပိုက်ဆံစုရမယ် ဘုရားဖူး
အစစ်ပြည်သူအစစ်တစ်ယောက် အဖြစ်သူများတွေနဲ့တန်းတူလာနိုင်ဘို့ တို့မောင်နှမတွေအများကြီးကျိုးစားရမယ် လို့ မိအေးပြောရင်း
ကိုကျော်ကြား မိအေးတို့အများကြီးကျေးဇူးတင်ပါတယ် ဒါပေမဲ့ မိအေး ပြည်သူအစစ်ပဲဖြစ်ချင်တယ်လို့ပြောတော့ ထုံပေပေမျက်နှာ
ပေးနဲ့ခေါင်းငြိမ့်ရင်း အရီးကျုပ်ပြန်နှင့်မယ်ဆိုပြီး ထွက်သွားလေရဲ့။

ညနေထမင်းစားဝိုင်းမှာတော့ အတွေးကိုစီနဲု့ငြိမ်သက်နေတယ် လမ်းထိပ်ခေါက်ဆွဲသုတ်ဆိုင်က ခေါက်ဆွဲသုတ်
နှစ်ပွဲကိုအကြွေးဝယ် ပန်းကန်ပြားထဲနယ်ဖတ်ပြီးထည့်ထားသလို ဟင်းခါးခွက်ကလဲအေးစက်စက် ကိုကြီးချက်ကခေါက်ဆွဲသုတ်ပန်း
ကန်ကိုကြည့်ရင်း မိအေးအဆင်မပြေဘူးလား ဆိုတဲ့ အမေးကို သားရေမိအေးကလဲနယ်နယ်ရရ မဟုတ်ဖူးကွဲ့ သခင်စိတ်ဓါတ်ပဲ
လို့ပြောတဲ့အမေ့ စကားသံအောက်မှာ သခင်ချက်ကြီးလက်နဲ့သခင်မိအေးလက် အေးစက်စက်ဟင်းခါးခွက်က ဇွန်းကိုပြိုင်တူ လက်စုံကိုင်မိတယ်ဆို သခင်စိတ်ဓါတ် ဆိုတာဘာလုပ်လုပ် အတူတူဖြစ်မယ်လို့ အရွန်းဖေါက်တဲ့ကိုကြီးချက်ကို အားလုံးကြည့်ရင်း
တစ်ဖက်ရပ်တဲလေးထဲက ရယ်မောသံတွေ ပေါ့ပါးစွာလွင့်ပျံ့လာတော့တယ်။

လေးစားစွာဖြင့်
မမ

Posted by Anonymous :: 11:39 PM :: 5 Comments:

Post / Read Comments

---------------oOo---------------