မမ
Sunday, April 26, 2009
စင်္ကာပူက မကျွတ်လွတ်သူ (၄)
အဲလိုနဲ့နေ့ရက်တွေကြာလာတော့ ဝိဥာဉ်နဲ့ တစ်ဖြေးဖြေးရင်းနှီးလာခဲ့တယ် ။ဟား ဟား ဟား မမကတော့လုပ်ပြီလို့ မတွေးကြနဲ့ဦး ။ ကျမအိမ်မှာရှိတဲ့ သူတွေထဲက သူ့ကိုယ်သူတော်၏ တတ်၏ လို့ထင်ပြီး အလုပ်ကပြန်လာတိုင်း အလုပ်ထဲမှာ သူဘယ်လိုအဆင်ပြေကြောင်း ဒီနိုင်ငံကသူ့ကို အကျိုးပေးကြောင်း ခေါင်းချဘို့အထိ စဉ်းစားထားတယ်ဆိုတဲ့ မျိုးဆက်သစ်ဂေါက် လို့ခေါ်ရမှာပေါ့ ။
၁၀တန်းအောင် ၁ရ နှစ်လောက်မှာ ဒီမှာပရိုက်ဗိတ်ကျောင်းကောင်းကောင်း တက်ပြီး ခောတ်ကောင်းချိန်မှာ နေရာကောင်းကောင်းကို တစ်ထောင့်ရှစ်ရာပလပ်စ် အိုတီ နဲ့ ရထားသူဆိုတော့ နှစ်ဆယ်ကျော်မှာ ကိုယ့်ကိုယ်ကို ထင်တစ်လုံး နဲ့ မျိုးဆက်သစ် ဂေါက်ရာထူးကို လက်ဆင့်ကမ်း သယ်ဆောင်မယ့် ဂေါက်ပေါက်စပေါ့။
အဲ.. သူကမွေးနေ့ လုပ်တော့ အိမ်ရှိလူကုန်အတွက် မုန့်ဝယ်လာတယ် ။
ညနေလူစုံချိန် မှာ မုန့်တွေဝေတော့ မုန့်တစ်ဗူးကပိုနေပါရော မမရဲ့စေတနာ ကိုသိကြတယ်ဟုတ် ။ သူကလဲ သေသေချာချာ တွက်ပြီးဝယ်တာပါ ဘယ့်နှယ်တစ်ဗူးကပိုနေပါလိမ့် ဆိုပြီးမချင့်မရဲနဲ့ ပြန်ရေ ပြန်တွက် ပိုတာပါပဲ။
အဲဒီအချိန်မှာပဲ စာဂျပိုးဂေါက်က အဲ.. မပိုဘူးလေ ဟိုတစ်ယောက်ကျန် သေးတယ်တဲ့ ကျန်တဲ့သူတွေကလဲ ထောက်ခံတယ်။
ကျမကလဲ စေတနာထားတဲ့နေရာမှာ လူတွေဝိဥာဉ်တွေ ခွဲခြားခွဲခြား မလုပ်တတ်ဘူး ဆိုတော့ အေးလေသူ့ အတွက်ဝယ်တုန်းက၀ယ်ပြီး ရှက်မနေပါနဲ့လို့နောက်တော့ မျိုးဆက်သစ်က သူ့မွေးနေ့မှာ ဝိဥာဉ်ကိုကျွေးရမှာကို လန့်နေပုံရတယ် ။ အဲလိုနဲ့ မထင်မရှား အထီးအမ မကွဲသေးတဲ့ ဝိဥာဉ် ကို ကျမကမွေးနေ့ပွဲ ဖိတ်လိုက်တယ် ပြီးရင်သူက ဟတ်ပီးဘတ်ဒေး သီချင်းကိုပြိုင်တူအော်ပေးရဦးမှာ ဆိုတော့ ကျမတို့ ထမင်းစားပွဲမှာပဲ စားပြီး မွေးနေ့ကိတ်လှီးဘို့ အတွက်ဧည့်ခန်းဖက်ကို တစ်အုပ်ကြီး ကူးလာကြတယ် ။ ဟတ်ပီးဘတ်ဒေး ဆိုပြီးမျိုးဆက်သစ်ကိုကြိုဆိုတဲ့ လက်ခုပ်သံတွေ စဲသွားတဲ့ အချိန်မှာတော့ ထမင်းစားပွဲပေါ်မှာကျန်နေခဲ့တဲ့ စားစရာအထုပ်က ဘုတ်ကနဲပြုတ်ကျတာ အားလုံးပဲတွေ့လိုက်တယ် ဆိုရင် ကျမတို့တွေအားလုံးပူးကပ်ပြီး ရပ်ကြည့်နေမိတယ် ။ မလိုလားအပ်တာတွေ ထပ်ဖြစ်မှာစိုးတာရယ် အားလုံးလဲစိတ်တွေပေါ့ပါးသွားအောင် ကျမက ဟယ်.... တို့ဘော်ဘော်ကြီး မွေးနေ့လာစားတယ်ဟေ့ လက်ဆောင်ပစ္စည်းရော ပါခဲ့ရဲ့လားလို့နောက်တော့ မွေးနေ့ရှင်မျိုးဆက်သစ်က သူလိမ်းထားတဲ့မိတ်ကပ်ကြောင့်လား မသိ မီးရောင်အောက်မှာ မျက်နှာတစ်ခုလုံးဖြူဖတ်ဖြူရော်ကိုဖြစ်လို့ ။ သိပ်ကိုထူးဆန်းတဲ့ အကြောင်းအရာကတော့ အဲဒီညက အတော်ကို ညဉ့်နက်တဲ့ကျမတို့ နောက်နေ့မနက် မျိုးဆက်သစ် ကုတင်ဘေး စာကြည့်စားပွဲပေါ်မှာ ရောက်နေတဲ့ အိမ်အပြင်ဘက်မှာသာရှိတတ်တဲ့ သစ်ရွက်ခြောက်နဲ့ အမှိုက်စုပုံပုံလေးကို တစ်အံ့တစ်သြ ၀ိုင်းအုံကြည့်ကြတယ် ။
အဲလိုနဲ့နောက်ရက်များမှာတော့ စာကြည့်ခန်းထဲက မချောက တစခန်း ထလာတယ် နေရတာ တစ်ယောက်ထဲစိတ်မလုံဘူး အနားမှာတစ်ယောက်ယောက် ရှိနေသလိုပဲ တစ်ရေးနိုးရင်ဖြစ်ဖြစ် အမျိုးသားတစ်ယောက် ကျမကို ထိုင်ကြည့်နေသလိုပဲတဲ့ ။ တစ်နေ့ပေါ့ ကျမမိုးမိပြီး ကိုယ်တွေလက်တွေကိုက် ချမ်းစိမ့်စိမ့် နဲ့ အိမ်ပြန်ရောက်လာတယ် နေဝင်ရီတရော အချိန်ပေါ့ ။ ကော်ဖီတစ်ခွက်နဲ့ ပန်နဒေါ တစ်လုံးသောက်ချပြီး ဆိုဖာပေါ်မှာမှေးကနဲ အိပ်ပျော်သွားတော့တယ် ။ နားလည်မလားရှင် အိပ်ပျော်နေတယ် လို့လဲပြောလို့ရသလို အသိစိတ်ကလဲ ကပ်နေတုန်းအချိန်ပေါ့ ။
အိမ်ရှေ့ရေချိုးခန်းကနေပြီး အမျိုးသားလူလတ် ပိုင်းတစ်ယောက် ရေချိုးပြီးစပုံနဲ့ထွက်လာတယ် ။ ကျမအနားက ဖြတ်လျောက်တော့ အံ့သြလွန်းစွာ မလုံမလဲနဲ့ကျမ ငုတ်တုတ်ထထိုင်တော့ ကျမကိုပြုံးပြတယ်ရှင်။မမလေ သိတယ်နော် ဖေါ်ရွေတဲ့နေရာမှာ ဟို.. အစ်ကို နေရတာအစဉ်ပြေရဲ့လား ဆိုတော့ ပြုံးပြခေါင်းငြိမ့်တယ်ရှင့် ပြီးတော့မှ ဘယ်မှာနေတာလဲ ဘယ်သူလဲ ဒို့အိမ်မှာမိန်းခလေးတွေကြီးပါ ဆိုတဲ့
ဇဝေဇဝါနဲ့ တွေးရင်း စာကြည့်ခန်းဖတ်ကို လျှောက်သွားတဲ့ အဲဒီလူနောက်ကို ကျမထလိုက်သွားတော့တယ်။ အံ့သြစရာရှင် ကျမရှေ့တင်ပဲ ဘီဒိုကြီးကို ဖွင့်ပြီးဝင်သွားတာ တွေ့လိုက်ရတာပဲ။
ကျမချွေးစေးတွေပြန်ပြီး နိုးထလာတဲ့ အချိန်မှာတော့ နေဝင်နေပြီ ဧည့်ခန်းမီးက မထွန်းရသေးဘူး တစ်အိမ်လုံး လူလိုက်စစ်တော့ ကျမအစောဆုံး အိမ်မှာပင်တိုင် ရှိတဲ့လူကလဲ ကျမရောက်ပြီး ဈေးဝယ်ဆိုဆင်းသွားလေရဲ့ ။
ကဲ ... ဘယ်လိုလုပ်ကြမလဲ ဆေးရှိန်နဲ့ဂယောင်ချောက်ခြား မက်တာလား ဘုရားမီးနဲ့တစ်ကွ တစ်အိမ်လုံး မီးတွေလျှောက်ဖွင့်ရင်း ဘီဒိုကြီးကိုဖွင့်ကြည့်ချင်တာ အူကိုယားနေတာပဲ။
မချောကပြန်မလာသေးဘူးရှင့် ပထမဆုံးပြန်ရောက်လာတဲ့ မလတ်ကို တိုးတိုးကြိတ်ကြိတ် ပြောပြတော့ မလတ်က ငါလဲနင့်ဘီဒိုကြီးကို မသင်္ကာ ဘူးတဲ့ရှင်..။
နောက်နေ့မနက် မှာတော့ ကျမတို့မိဘများနဲ့ ညီအမရင်းလိုခင်မင်တဲ့ အန်တီက ကျမဖျားတယ် ဆိုလို့လာမေးရှာတယ်။
အန်တီကို ကော်ဖီဖျော်ပေးပြီး ကျမအခန်းထဲ အကျီလဲဘို့ဝင်လာတယ်။
အန်တီက ဆိုဖာမှာဝင်ထိုင်ရင်း ကျမဖတ်လက်စ စာအုပ်ကို ဟိုလှန်ဒီလှန်လုပ် နေတုန်းမှာပဲ ဆိုဖာဘေးကကပ်ပြီး လူတစ်ယောက် ရိပ်ကနဲဖြတ်သွားသတဲ့ ။
ကျမထွက်လာတော့ သမီးအိမ်မှာ ဘယ်သူရှိသေးလဲ ယောက်ကျားတစ်ယောက် စာကြည့်ခန်းထဲဝင်သွားသလိုပဲတဲ့ ။
ကျမတစ်ယောက်ထဲပါ အန်တီ မြင်လိုက်တယ်ဆိုရင်လဲ လူတော့မဖြစ်နိုင်ဘူး လို့ကျမပြောတော့ အန်တီလဲပြောချင်တာ စိတ်မဆိုးနဲ့ သမီးတို့အိမ်က မသန့်ဘူးတဲ့ရှင် ။ အဲဒီအန်တီက ခရစ်ယာန် ဘာသာဝင်ရှင့် အဲလိုနဲ့ ဒီသတင်းက အန်တီကနေ တစ်ဆင့် ရန်ကုန်ရောက်သွားပါရောရှင် ။ စင်္ကာပူကို လာတော့မဲ့ဆဲဆဲ ဆရာတော် ဘုရားကြီး ကြွလာတယ် ကျမအိမ်မှာနှစ်ပတ်လောက် သီတင်းသုံးရင်း မလတ်နဲ့ကျမကို သူ့အသိုက်အအုံကိုမဖျက်နဲ့ စာကြည့်ခန်းထဲက ဘီဒိုကြီးကို သင့်တော်မဲ့တစ်နေရာ သွားထားလိုက်လို့ မိန့်တော်မူတဲ့ အတွက် ဘီဒိုကြီးကို အိမ်အောက်ဆင်းချရင်း ကိုယ်တော်ချောပါ တာ့တာ လုပ်လိုက်ရတယ်။ နောက်ပိုင်းတော့ အေးအေးဆေးဆေး ပါပဲ ၊ ရင်းနှီးတဲ့သူငယ်ချင်းတွေ ကတော့ပြောစမှတ်တွင်တာ ဒီလောက်အနေကြာတာတောင် နင့်တို့ဂေါက်တွေနဲ့ တစ်ယောက်မှမညိဘူး လားတဲ့ရှင် နင်တို့ကိုလွမ်းလို့ဆို တစ်ခေါက်တစ်လေတောင် အလည်ပြန်မလားဘူးလားတဲ့ ။ ကဲ.....အဲဒါမေးစရာလားရှင့်......။
လေးစားစွာဖြင့်
မမ
Labels: စင်္ကာပူက မကျွတ်လွတ်သူ (၄)
Posted by Anonymous ::
8:19 PM ::
10 Comments:
Post / Read Comments
---------------oOo---------------