မမ

Tuesday, October 13, 2009

မစ္စတာ ဘင်း၏ အလွဲများ(၁)


အရာအားလုံးကို မေ့ပြီးကျမတို့နှစ်ယောက် ရယ်မောမဆုံးနိုင်အောင်ပဲ ထားဝယ်သူအခန်း တံခါးခေါက်တာလဲမရ မော်လမြိုင်သူ ကအလုပ်သွားဖို့ ပြင်ဆင်တော့မယ်။ဘာပဲပြောပြော ဘ၀အမောတွေနဲ့ မွန်းကြပ်တိတ်ဆိတ် နေတဲ့ ကျမတို့တွေရဲ့ ဘ၀ထဲကို ရောက်လာတဲ့ မစ္စတာဘင်း ကိုတော့လူကြီး လဲဖြစ်နေ အလွန်အင်မတန်မှ ရိုးသားတဲ့ရုပ်သွင် နဲ့ အပြောအဆိုတွေကြောင့် စတွေ့ ကထဲကကိုပဲ မမအိမ်မရှာတော့ဘူးလို့ ဆုံးဖြတ်ပြီးကို ခေါ်လာခဲ့တာပါ။
သူ့ရဲ့ဝတ်စား ဆင်ယဉ်ပုံနဲ့ ပုံစံကိုတော့ စာဖတ်မဲ့ပရိတ်သတ်ကို သေချာကိုမိတ်ဆက်မှကို ဖြစ်မှာနော် ကျမအရေးအသားတွေ ပိုပြီးအသက်ဝင်သွားမှာ။ဒီလိုရှင့် လေဆိပ်ထဲမှာ ကျမတစ်ယောက်ထဲ ထိုင်နေရတဲ့ ဘ၀ကြီးကို တွေးကြည့်စမ်းပါနော် အသိဆိုတာလဲ တစ်ယောက်မှမတွေ့ စီရော်နယ်ဒိုဆိုတဲ့ မျော်လင့်ချက်လေးတစ်ခုကပဲ မမမျက်နှာကို ပြုံးစေ့စေ့ ဖြစ်နေခဲ့တာလေ လာပုံကလဲဝုန်းဝုန်းဒိုင်းဒိုင်း နေ့စဉ်နဲ့အမျှ ဖုန်းပြောအွန်လိုင်း တွေ့နေတာတောင်မှ သတင်းမရပုံကလဲ ထူးဆန်းနေတယ်။
မငယ်ရွန်းရွန်းဝေ ပြောသွားတာတွေ ကိုသေချာပြန်စဉ်းစားနေရင်း အာ.. အသက်အရွယ် မမေးလိုက်မိဘူး ၀င်လာရင်တွေ့ မှာပါ ဒီအဆင်နဲ့ဒီအဆင်ကွဲပြား စရာဘာမှမရှိဘူး။အဲကျမတို့ကို မမြင်ဘူးပဲ ရန်ကုန်ကလာတဲ့ သူတွေရဲ့ အားသာချက်က အမေတို့က ကျမတို့ဓါတ်ပုံ ရှေ့ နောက် ဘေးတိုက် အကုန်ပြထားပြီးသား တစ်ခါတလေများလက်ထဲ ဓါတ်ပုံ ပါထည့် ပေးလိုက်သေးရဲ့ မားကြီးနဲ့မငယ်ကို အပြင်မှာတွေ့ဘူးထားတဲ့ သူတွေက လေဆိပ်မှာအဝေးကလှမ်းတွေ့ တာနဲ့တင် ကျမတို့ကိုသိပြီးသား အဲဒီအတွက်တော့ ကျမ မပူပါဘူး။
အဲဒီတော့ ကျမအေးရာအေးကြောင်း တနေရာကနေ ထိုင်ကြည့်နေယုံပဲပေါ့ လူကုန်ပါစေ အဲလူ ကျမကိုရှာပါစေပေါ့ လည်ပင်းတမော့မော့ နဲ့ ဟိုလူဖြစ်မယ် ဒီလူဖြစ်မယ် လက်ညိုးထိုး စောင့်ရအောင်လဲ မလတ်ကမပါ။ ဒီလိုနဲ့ လေယဉ်ဆိုက်လာပြီ သူများတွေလို မတ်တပ်ရပ်ပြီးမစောင့်တော့ပဲ နောက်ဆုံးကျန်နေတဲ့သူ ယောင်လည်လည် လူရှာတဲ့သူ ကိုပဲထိုင်ခုံမှာ အေးဆေးထိုင်ရင်း စောင့်နေတော့မယ်။
ကျမဆုံးဖြတ်ချက် အတိုင်းထိုင်စောင့်နေရင်း အနောက်တိုင်းဆန်တဲ့ သူတွေတွေ့တိုင်း ကိုယ်များလာခေါ် မလားလို့ရှင် ကျမကိုဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင်မထင်ပဲကို ဖြတ်ကျော်သွားကြပုံက မျက်ရည်လွယ်တဲ့သူဆို ထိုင်ငိုယုံပဲ ဒီလိုနဲ့ လူတွေလဲ
လာသူနဲ့ကြိုသူ အပေးအယူကိုမျှလို့ ကျမအတွက် တစ်ယောက်မှကိုအပိုမရှိကွက်တိပဲ အဲဒီအချိန်မှာကျမ တစုံတရာ ကိုတွေးမိပြီး ခေါင်းနပန်းကြီးသွားတယ် မငယ်ငါ့ကို သေရာပါအောင်ကြပ်ပြီလို့ အဲလိုတွေးပြီး လူကထူထူပူပူနဲ့ ဘေးဘီကြည့်တော့လဲ လူကုန် နေပြီ ခရီးသည်တွေ ပစ္စည်းရွေးတဲ့နေရာကိုလှမ်း ကြည့်မိတော့ ခရီးဆောင်အိတ်လူတစ်ယောက်စာက အပုံလိုက်ကလေး ဗုဒ္ဒေါငါတို့လူကြီးရဲ့ ပစ္စည်းတွေ များလားလို့တွေး နေတုန်းမှာပဲ အနက်ပေါ်မှာအဖြူစင်း နက်တိုင်နဲ့ပေစောင်းပေစောင်းထွက် လာတဲ့သူ့ကို တွေ့လိုက်ရတာပါပဲ။လူကရှေ့ကိုလျှောက်နေပေမဲ့ သူခေါင်းကစောင်းတောင်းတောင်း လည်တည်တည်နဲ့ နောက်မှာကျန်နေသလိုမျိုး အသားအရည်မဖြူမညို ပိန်ပိန်ပါးပါး အရပ်အတော်ရှည်တယ် ၀တ်စားထားပုံက သပ်သပ်ရပ်ရပ် နဲ့ ဘောင်ဝင်တဲ့ ၀တ်ပုံစားပုံမျိုး တောက်တောက်ပပ ကြီးမဟုတ်ပဲ သက်တောင့်သက်သာဝတ်စားထားတယ် လူကြိုတဲ့အပေါက်ဝတဲ့တဲ့ မှာကျမတစ်ယောက်ထဲ ရှိနေတာရယ် ကျမဖက်ကမသေချာပေမဲ့ သူ့ဖက်ကသေချာနေတဲ့ပုံ နဲ့ လက်ဝေ့ရမ်းပြီးကျမကို နူတ်ဆက်တယ် ကျမကိုလက်ပြနူတ်ဆက်ပေမဲ့ သူမျက်နှာကဘေးဖက်ကိုပြန် လှဲ့သွားတယ် လက်ကတော့ လူပ်ရမ်းနေတုန်းပဲ ကျမကသာ ၀မ်းသာအားရ လက်ပြန်ပြမိရင် သေပြီဆရာပဲ ကျမပြုံးပြီးခေါင်းညှိမ့်ပြလိုက်တယ် ရင်ထဲကနေလဲ မငယ်ကိုတလေးတစား ကိုဦးညွတ်လိုက်မိတယ် တော်ပါပေတယ်မငယ်ရယ်လို့ သူ့ပုံက အမြင်ကပ်ချင်စရာမကောင်းပဲ ခင်ချင်စရာ ကောင်းနေတော့တယ်။ အသက်အရွယ်ကလဲကွာ နေတော့ ကျမတို့ကြားထဲမှာဘာမှာ ပြသနာမရှိဘူး အဲသူကစကားပြောရင် မျက်နှာ ကိုကြည့်ပြောလေ့မရှိဘူး ဘေးဘီကို ခေါင်းဝေ့၀ိုက်ကြည့်ရင်းစကားပြောတတ်တယ်။
အဲလို နဲ့ အိမ်ကိုရောက်လာတယ် ဆိုပါတော့ရှင်..။မော်လမြိုင်သူ ကနုတ်ဆက်ပြီး အလုပ်သွားတော့မယ်
ပြင်ဆင်ပြီးအပေါ်ပိုင်း ယူနီဖေါင်းအပြည့်ဝတ်ထားတဲ့ သူ့ကို နင်သွားတော့မလားလို့ ကျမမေးတော့“ မေအိုင်စပိတူ တွိုက်လက်ပလိစ်” ဆိုပြီး ရေချိုးခန်းထဲကို ပြုံးဖြီးဖြီးနဲ့ ၀င်သွားတယ် ကျမကရူးတိုးတိုး ဆိုတဲ့ ပုံစံလုပ်ပြလိုက်ရတယ်။သိပ်မရင်းနှီး သေးဘူးလေ နော် ရန်ကုန်ပြန်လို့လွတ်နေတဲ့ အခန်းတစ်ခုမှ နေရာချထား ပေးလိုက်တယ် သက်တောင့်သက်သာ နေပါပေါ့။
“ကျနော် လက်ဆောင်ပစ္စည်းတွေပါတယ်တဲ့” နားပါဦး ကျမလဲနားဦးမယ် လို့ပြောပြီး သူ့အိတ်တွေအားလုံး သူနေမဲ့ အခန်းထဲထည့်ပေးရင်း..ဟူး.လို့သက်ပြင်းချမိတယ်။
ညနေလူစုံချိန်မှာတော့ မစ္စာဘင်းအခန်းထဲက ထွက်လာတယ် မလတ်နဲ့အိမ်မှာနေတဲ့ လက်ရှိအပေါင်းအပါ
လေးယောက်နဲ့ မိတ်ဆက်ပေးတယ်။သူကလက်ဆောင် တွေပါတယ်ဆိုပြီး အထုပ်တွေ တစ်ယောက်တစ်ထုပ် ဝေပါတယ်။အဲဒါတောင်သူ့ မှာအထုပ်ပေါင်းးများစွာ ကျန်နေသေးတယ်။ “ဘာတွေလဲဟင်..အခုစားလို့ရတာတွေလားလို့” ကျမကမေး တော့ ငါးပိစိမ်းစားပါ ကျနော်မှာ အထုပ်ငါးဆယ်လောက်ကို ကျန်နေသေးတယ် တဲ့ “အော် ငါးပိ မပါရင် ထမင်းမစားတတ်တဲ့ မြန်မာစစ်စစ်ပေါ့ တစ်နှစ်စာ အနဲဆုံးသယ်လာတာ ထင်တယ် ဒီမှာလွယ်လွယ်ကူကူ ၀ယ်လို့ရပါတယ် မငယ်တို့ မပြောဘူးလားလို့”ကျမပြောတော့ “ကျနော် သွေးတိုးရှိလို့ စိမ်းစားငါပိ မစားပါဘူး မငယ်ပဲအကြံပေး လို့သယ်လာတာပါ”ဒီနိုင်ငံမှာ ငါးပိကရွေလို ရှားတယ်တဲ့ လောလောဆယ် အလုပ်မရခင်စပ်ကြားတောင် ငါးပိရောင်းရင် သူဌေးဖြစ်နိုင်တယ်လို့ သူကပြောလို့ ကျနော့်မိန်းမက ငါးပိကိုပဲ အချိန်၃၀ နီးပါး အထုပ်လေးတွေ ထုပ်ပြီး သေသေချာချာ ထည့် ပေးလိုက်တာပါ” မမတို့ရန်ကုန်ကပြန်ရင် ငါးပိပဲသယ်တာဆို ငါးပိဝယ်တဲ့ဖေါက်သယ်တွေ မမမှာအများကြီးတဲ့ ကျနော့်ကိုစပ်ပေးပါ ဦးနော် လေယဉ်လက်မှတ်ဘိုးနဲ့ အလုပ်မရခင်စပ်ကြား သုံးဘို့စွဲဘို့လေးရရင်တော်ပါ ပြီဗျာတဲ့သူ့ရဲ့ငါးပိ အိတ်ကြီးကို ယုံကြည်မူ့ အပြည့်နဲ့ လူသိရှင်ကြား မမလက်ကိုအပ်တော့ တာပဲ ငါးပိအိတ်ကို လှမ်းယူရင်း မလတ်ကို အားကိုးတကြီး ကျမကကြည့်တော့ “စိတ်ချ မမမှာဖေါက်သည်တွေအများကြီး အနဲဆုံးဒေါ်လာတစ်ထောင် လောက်တော့ရမှာ”တဲ့ပြုံးစေ့စေ့ နဲ့ပြောတဲ့ မလတ်စကား ကို အားလုံးကဝိုင်းထောက်ခံကြတယ်။ “ရတဲ့ ပိုက်ဆံလဲ မမတို့ပဲယူပါ ကျနော် နေစားရိတ်ရော မလတ်တို့ဝယ်ပေးတဲ့ လေယဉ်လက်မှတ်ဘိုးရော အတွက် ကျေးဇူးဆပ်တာပါတဲ့” အကုန်လုံးက ၀ိုင်းပြီးအားနာစရာရှင် လို့ပြောကြတယ် မငယ်တွေ့မယ် ငါပြီးရင်နင့်အလှည့်ပဲလို့ ငါးပိထုပ်ကြီး ကိုမီးဖိုချောင်သည်ရင်း ကျမရေရွတ် မိတယ်။အဲဒီအချိန်မှာပဲ မစ္စာဘင်းက သူ့အိတ်ကို ဟိုရှာဒီရှာလုပ်ရင်း ချွေးပြန်နေတယ် “ထားဝယ်သူက အကိုဘာရှာတာလဲ ငါးပိကောင်လား လို့မေးလို့” ကျမတို့ဝိုင်းရီကြတယ်။“မဟုတ်ဘူးခင်ဗျာ့ ကျနော့်ကွမ်းသီးထုပ်တဲ့ ကွမ်းရွက် ဗမာဆေး ထုံးထုပ်လေး ဘေးချပြီး ချွေးပြန်အောင်ရှာနေလေရဲ့ “မလတ်က အကိုအညောင်းအညာပြေ လမ်းလျှောက်ရင်း မီးပွိင့်ကူးလိုက်တာနဲ့ ကုလားဆိုင်လေးရှိတယ် ကွမ်းသီးတစ်ကျပ်ဘိုးဆို စားပါလေ့ သွားဝယ်လိုက်အကို အကိုကဘိုလိုကျွမ်းတာပဲလို့ ပြောတော့ “ကျနော်ကွမ်းသီးကို ဘယ်လိုခေါ်တုန်းမသိဘူး ခင်ဗျာ့တဲ့” မလတ်ကပဲ“အကိုကလဲ လွယ်လို့ ကွမ်းသီးဆိုတာ မြန်မာစကားကမွေးစား ထားတာလေ ဘန်ခ့် ကို ဘဏ် တို့ပုလိစ်ကို ပုလိပ်တို့ ဂိုးလ်ကီပါကို ဂိုလီဘာ တို့ဆိုတာ အင်္ဂလိပ်အခေါ်အဝေါ်တွေပေါ့ အဲလိုပဲ ကွမ်းသီး အင်္ဂလိပ်လိုဆို ကွမ်းသီးစ် ပေါ့အကိုရာ” “ရော့ရော့ သွားဝယ် ဘာမှမကြောက်နဲ့ နောက်ဆုံးသူနားမလည်ရင် ကွမ်းရွက်ယူသွား လက်ဟန်ချေဟန် နဲ့သာပြော” ဆိုပြီးနှစ်ကျပ်တန် တရွက်ထုပ်ပေးလိုက်ရင်း အကိုပြောကြည့်ပါဦးဆိုတော့ “ကွမ်းသီးစ် ကွမ်းသီးစ်”လို့ ရွတ်ရင်း ထွက်သွားလေရဲ့
ကျမတို့ တ၀ါးဝါးရယ်ရင်း “ မလတ် သူဒီမှာ အလုပ်ရပါ့မလားဟင် လို့” ကျမကစိုးရိမ်တကြီးမေးတော့ မပူနဲ့ သူကျိန်းသေရမှာတဲ့ “ကျမတို့အား လုံးတပြိုင်ထဲ ဘာကြောင့်လဲလို့” မေးတော့“ သူ့မှာရိုးသားတဲ့ဂုဏ်နဲ့အတတ်ပညာတခု ရှိနေတာပဲ” တဲ့ ကျမတို့ အားလုံးမစ္စတာဘင်းကို အလုပ်ရစေချင်တဲ့စိတ်တွေ တဖွါးဖွါးပေါ်လာတော့တယ်။

ဆက်ရန်

Posted by Anonymous :: 2:59 PM :: 4 Comments:

Post / Read Comments

---------------oOo---------------