မမ
Saturday, February 7, 2009
ကျိုက်ထီးရိုး တက်တုန်းက
ကျမတို့ မောင်နှမတွေ နွေရာသီ ကျောင်းပိတ်ရက် တစ်ခုမှာ ကျိုက်ထီးရိုးဘုရားကို ခြေလျင်လျှောက်တက်ခဲ့ ကြဖူးတယ် ။ အဲဒီအပျော်တွေ ဒီဘက်ခောတ်မှာ ဘယ်လိုမှ ပြန်လိုချင်လို့ မရတော့ဘူးရှင်...။
ပျော်လိုက်ကြတာ မပြောပါနဲ့တော့..။ ကျမက ၁၇နှစ်ကျော်ကျော်လောက်ပေါ့ ..။ အဲဒီတုန်းက ပြောတာနော် ပထမဦးဆုံး ဘုရားဖူးခရီးပေါ့ ...။ အကုန်တွေ့ သမျှ အကုန်မှတ် အကုန်လျောက်စပ်စု ။ အကုန်လျှောက်နောက်..။ ပျော်လိုက်တာ....။ တစ်လမ်းလုံး ကျမသောက်ခဲ့ တာ ထန်းလျက်ရည်နဲ့ အုန်းသီးဖတ်ဖြူးထားတဲ့ မုန့် လက်ဆောင်း သောက်လို့ ကိုမ၀ခဲ့ဘူး....။ လမ်းတစ်လျှောက် လူလူခြင်း ထမ်းပြီး တောင်ပေါ်အရောက် တင်ပို့ နေတဲ့ အလုပ်သမားတွေကိုမြင်ရတော့ သမိုင်းမှာသင်ရတဲ့ ကျွန်ပိုင်ရှင်ခောတ်ကို မြင်ယောင်ရင်း ကျမနာကျင်ခဲ့ ဘူးတယ်...။ ဘုရားပေါ်ကပြန်ဆင်းလာတဲ့ သူတွေက အားတင်းထား နောက်တစ်ကွေ့ ဆိုရောက်ပြီနော်... ဆိုတဲ့  အားပေးသံတွေကို အဟုတ်မှတ်တဲ့  ကျမတို့ .... ရောက်ပြီဆိုတဲ့ အသိစိတ်နဲ့ ပြေးတက်တာ ငါးကြိမ်လောက် ကြုံပြီးတဲ့ အချိန်မှာတော့ အဲဒီတုန်းက နောက်တာလို့ပဲထင်ခဲ့ မိတယ်......။ အားပေးစကား ပြောတာဆိုတာ အခုအချိန ပြန်စဉ်းစားတော့မှသိလာခဲ့ တော့တယ်.....။
ကျမတို့ ဆင်းတဲ့ အချိန်တုန်းကလဲ တက်လာတဲ့ 
လူမှန်သမျှကို နောက်တစ်ကွေ့ ရောက်ပြီ ပြေးပြေးလို့ ပြောခဲ့ တာတွေ ပြန်စဉ်းစားရင်.......။ ဒါ..... ငါအားပေးခဲ့ တာပဲလို့  သိလာခဲ့ တယ်....။ ရင်ပြင်ပေါ်ရောက်တော့  လူတွေအများကြီး.........။
ဒီတောင်ပေါ် ဘယ်လိုများ ဒီဘုရားကြီး တည်ခဲ့ ပါလိမ့်လို့ စဉ်းစားရင်း ကျိုက်ထီးရိုးဘုရားသမိုင်းတွေ ၀ယ်ဖတ်...။ တောင်ပေါ်အနှံ့ခြေဆန့် ခဲ့ ကြတယ်......။
ညနေစောင်းချိန်ရောက်ပြီဆို ဘယ်သူတွေ ပင်ပမ်းလို့ နားနား ကျမတို့ ညီအမ ရေမိုးချိုး ၊ အလှပြင် ဈေးတန်းတစ်ခုလုံး လျှောက်ပြီးရင် လ္ဘက်ရည်ဆိုင်ထိုင်ကြတယ်...။ ဆိုင်တွေမှာလူအပြည့် ပေါ့ ...။ ကျမတို့ ညီအမအပါအ၀င်..... ကာလသားတွေ....... ကာလသမီးတွေ......။ လူကြီးလူငယ် ဆိုင်တိုင်းအပြည့်ပါပဲ...။ ကျမတို့ လ္ဘက်ရည်မှာတယ်...။
ဒီအချိန် အသုတ်စုံမှာပြီး စားနေတုန်းမှာပဲ..... ၂၀ကျော်အရွယ်ဦးဇင်းသုံးပါး ဆိုင်ထဲဝင်လာတယ်...။ လ္ဘက်ရည်မှာတယ်.....။ စီးကရက်က လက်ကြားမှာညှပ်လို့ ....။ ညနေစောင်းနေပြီ.....။ကျမတို့ ညီအမ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း လက်ကုတ်နေပြီ......။ မြင်နေရတာ လုံးဝကိုအဆင်မပြေတော့ဘူး .....။
အဲဒီအချိန်မှာပဲ လ္ဘက်သုတ် တစ်ပွဲထပ်မှာတယ်...။ ကျမဘယ်လိုမှ နေလို့ မရတော့ဘူး ....။ လ္ဘက်သုတ်ပန်းကန် ဦးဇင်းရှေ့ကို စားပွဲထိုးက လာချတဲ့ အချိန်မှာတော့ ..... မကြီး တားနေတဲ့ ကြား ကနေ ဦးဇင်းတွေစားပွဲနားကို ကျမရောက်သွားပြီ......။
ကျမလက်အုပ်ချီတယ်....။ အရှင်ဘုရားတို့ ဘာဘာသာများ ကိုယ်းကွယ်ပါလဲ လို့ ကျမမေးတော့ ..... ဦးဇင်းတွေ ကျမကိုမော့ကြည့် တယ်....။ ဗုဒ္ဓဘာသာ ကိုးကွယ်တာ ဆိုရင်တော့ ..... တပည့်တော်ကို ဒီပန်းကန်စွန့် ပါဘုရား ဆိုတော့  .......။ ဦးဇင်းတွေကြောင်နေတယ်....။ ဘာပြောရမှန်းမသိကိုဖြစ်လို့ .... ။ ကျမကပဲ ဆက်ပြီး ကိုယ်တော်တို့ လူပုံအလယ်မှာဘုန်းပေးရဲပေမဲ့ တပည့်တော်တို့ကမကြည့်ရဲလို့ ပါ....ဘုရား....။
လက်မှာ ပတ်ထားတဲ့ နာရီကိုလက်နဲ့ ထိုးပြပြီး ညနေစောင်း ဘုရားဝတ်တက်ချိန်ပါဘုရာ့ .....။ အရှင်ဘုရားတို့  ဘုရားရှေ့ မှာရှိနေရမဲ့ အချိန်လေ........။ ကျောင်းမှာနေတဲ့ ဆရာတော်ကြီးတွေ မသိဘူးလစ်ပြီး မထင်နဲ့ တစ်ဆိုင်လုံး..... ဒီရင်ပြင်တော်တစ်ခုလုံး..... ဘုရားဖူးဘို့ လာတဲ့  ဗုဒ္ဓဘာသာဝင်တွေချည်းပါပဲဆိုတော့.......။ မျက်နှာတွေနီပြီး အရမ်းရှက်နေကြတယ်......။ တစ်ဆိုင်လုံးကလည်း ၀ိုင်းကြည့် နေကြတယ်......။ တပည့်တော် အရှင်ဘုရားတို့ ကိုအရှက်ရအောင် လုပ်တယ်မထင်ပါနဲ့ ...... ကိုယ်တော်တို့ ကသာ တပည့်တော်တို့  ဗုဒ္ဓဘာသာတွေအားလုံး အရှက်ရအောင် ဆရာတော်ကြီးတွေ မမြင်ကွယ်ရာမှာ သာသနာကိုစော်ကားနေတာ ကိုယ်တော်တို့ သိစေချင်တာ စေတနာနဲ့ ပါ......။ ဆိုပြီး ဒီပန်းကန်စွန့် မယ် မဟုတ်လားဆိုတော့ .... ခေါင်းငြိမ့်ပြတယ်..... ။ ကျမ၀တ္တျငွေကပ်တယ်......။ မြေကြီးပေါ်မှာပဲထိုင်ပြီး ဦးချခဲ့ တာ လ္ဘက်သုတ်ပန်းကန်လဲ ယူလာခဲ့ တယ် ....။ ဦးဇင်းသုံးပါးလဲ ဆိုင်ထဲကနေ ပြေးတာပေါ့ .....။ မလတ်က ကိုယ်တော်တို့ နောက်တစ်ဆိုင် မပြောင်းထိုင်နဲ့ နော်.....။ တပည့်တော်တို့ လျှောက်သွားနေမှာ အ၀ါရောင်တောက်တောက်လေး ဆင်တူသုံးယောက် အသေမှတ်ထားတယ်နော်လို့ ...လှမ်းအော်တော့ တစ်ဆိုင်လုံး တစ်ဝါးဝါးရီကြတယ်။ ကျမက ဆိုင်ရှင်အန်တီကို ... အန်တီကလဲ ဘယ်လောက်ရရ မရောင်းပါနဲ့ လ္ဘက်ဖက်သုတ်တစ်ပွဲက သာသနာကိုညှိုး နွမ်းအောင် လောင်းတဲ့ အဆိပ်ရည်တစ်ခွက် ဖြစ်လာနိုင်တယ်ဆိုတော့.... လူကြီးရှက်တော့ ရယ်တယ်.....။ ဂေါပကတောင် မနိုင်တာရန်ကုန်သူ ငါ့သမီးလေးကျတော့......ပြေးတာ တန်းနေတာပဲ တဲ့  .....။ ကျမ ပြောချင်တာ ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာပါလို့ ခံယူထားတယ်.....။ ကိုးကွယ်နေတယ်ဆိုရင် သာသနာ ကို ညှိုးနွမ်းစေမဲ့ အရာအားလုံးကို တားဆီးဖို့ တာဝန်... ဗုဒ္ဓဘာသာတိုင်းရဲ့ သမိုင်းပေးတာဝန်ပဲ......။ ဒါ သာသနာကို မီးလောင်စေမဲ့ အမှိုက်တစ်စပါပဲ.......။ အမှိုက်မှန်းသိနေတဲ့ နောက်တော့ ဖယ်ကိုဖယ်ခဲ့ ရမှာပါ......။ အဲဒီလို လုပ်ရပ်မျိုးကိုတွေ့နေလျက်နဲ့ မျက်နှာလွှဲပြီး အဝေးရောက်မှခဲ နဲ့ ပစ်မယ်ဆိုရင် .... လိုရင်း မရောက်သလို မဆိုင်သူတွေ ထိတတ်ပါတယ်.....။ ဆရာတော်ကြီးတွေဆိုတာ ကျောင်းမှာထိုင်နေတာ သူ့ တို့ တပည့်တွေ အပြင်မှာ သောင်းကျန်းမယ်ဆိုတာ ဘယ်လိုမှ မသိနိုင်ပါဘူး..... ။
ဘယ်နေရာတွေ့ တွေ့  ကျောင်းလိပ်စာမေးပြီး ကျောင်း ထိုင်ဆရာတော်ကြီးတွေသိအောင် လျှောက်သင့်ပါတယ်.....။ တွေ့ သမျှမြင်သမျှ ဓါတ်ပုံရိုက် သတင်းရေးမယ်ဆိုရင်......။ ဒီနေ့ အထိသာသနာဆိုတာ ကို ပင်ပမ်းဆင်းရဲခံ သယ်ဆောင်ပေးနေတဲ့  ဆရာတော်ကြီးတွေကို မျက်နှာပူစရာ အားနာစရာကောင်းလှပါတယ်.....။ မလိုလားအပ်တဲ့ ပြသနာ တွေလဲ ကြီးထွားစေနိုင်သလို ဘာသာပေါင်းစုံအလည်မှာ သာသနာကို ညှိုးနွမ်းစေမှာပါပဲ.....။
ဒီလိုမြင်လို့ ဝိုင်းလက်ညှိုးထိုးမယ်..... အပြစ်တင်ကဲ့ ရဲ့နေမယ့်အစား သာသနာကို အဓွန့် ရှည်ဘို့  ဗုဒ္ဒဘာသာတစ်ယောက်အနေနဲ့  ငါဘာလုပ်ပြီးပြီလဲ.........။
တစ်သက်မှာတစ်ကြိမ် ဘုန်းကြီးဝတ်လို့တော့.... သာသနာကြီးအဓွန့်  မရှည်နိုင်သလို...... နိုင်ငံအနှံ့ဘုရားတွေလျှောက်တည်နေလို့ သာသနာကိုအဓွန့် ရှည်စေမှာ မဟုတ်ပါဘူး......။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဆုံးမစကားတွေကို နားလည်တတ်မှ......မြတ်စွာဘုရားဟောကြားခဲ့ပြီး သံဃာတော်တွေ လက်ဆင့်ကမ်း မှတ်တမ်းတင်ခဲ့တဲ့ တရားစာတွေကို ကိုယ်တိုင် ဖတ်ရှုနားလည်ကျင့်သုံးတတ်မှ..... သာသနာရှင်သန်နေမှာပါ......။ ထိုတွေကို အမြင့်မြတ်ဆုံး ဘုရားသားတော်လို့ ခေါ်ပါတယ်....။ မြင့်သောမြတ်သော နေရာမှာ ထားပေးရပါမယ်...။ လုပ်ရပ်ကို အပြစ်ပြောစရာ မြင်ရင်တောင်မှ ၀တ်ထားတဲ့ သင်္ကန်းကိုရိုသေရမယ်လို့ ကျမတို့ စိတ်ထဲမှာစွဲနေအောင် မိဘဘိုးဘွားများက ဆုံးမခဲ့ ပါတယ် .....။
ဘုန်းကြီးတွေ့ ရင်လက်အုပ်ချီ နေရာပေးဖို့ဝေးလို့ ....တွန်းတိုက်နေကြတဲ့  ဒီခောတ်ကြီးထဲမှာ ဘုန်းကြီးတွေရွာပြင်ထုတ်တယ်.....။ ဒီလောက်များတဲ့ ကျောင်းတွေ ကိုယ်တော်တွေကို ဒီပတ်ဝန်းကျင်က ဆွမ်းပြသနာ ဖြေရှင်းနိုင်မနိုင် စဉ်းစားရမှာပါပဲ.....။
ပတ်ဝန်းကျင်ကလဲ ဘုန်းကြီးတောင် ဆွမ်းခံပြန်ကျွေးရမယ့် ပတ်ဝန်းကျင်မျိုးဆိုတော့ ဘုန်းကြီးတွေ မြို့ ထဲ ထွက် ဆွမ်းခံရတော့တာပဲ....။ကားသမားက ကားခမရလို့ မတင်ချင်....။ စောင်းမြောင်းပြော....။ မာတုဂါမတွေနဲ့  တိုးကြိတ်စီးနေရတဲ့ ဆွမ်းခံကိုယ်တော်တွေ တွေ့ ရတာ စိတ်ချမ်းသာပါရဲ့ လားရှင်.....။
စာသင်သားတစ်ယောက်ရဲ့ ကုန်ကျစရိတ် စာသင်သား မဟုတ်တဲ့  ဆရာတော်ကြီးတွေအတွက်....။ ဆွမ်း၊ ဆေး၊ သင်္ကန်း၊ ကျောင်း အပြည့်အ၀ ရှိနေပါရက်နဲ့ တော့ သင်္ကန်းတစ်ဖါးဖါး မြို့ပတ်နေမယ် မထင်ဘူးရှင်....။်ဘုန်းကြီးတွေ အင်တာနက်မသုံးရလို့ အမိန့် ထုတ်နေမဲ့ အစား တိုးတက်လာတဲ့ နည်းပညာတွေအရ ပြည်ပထွက် သာသနာပြုနေတဲ့ ဆရာတော်ကြီးတွေ အင်တာနက်မသုံးလို့ ဘယ်လိုလုပ်မတုန်း ရှင်.....။ ဘုန်းကြီးတွေ သုံးသင့်တဲ့ နေရာ စာသင်တိုက်တွေမှာ သီးသန့် ပန့် ပိုးပေးသင့်တယ်လို့ ကျမထင်တာပါပဲ...။ ကျမတို့ ဘာသာဝင်တွေ သာသနာကိုအဓွန့် ရှည်စေချင်တယ်...။ အညှိုးနွမ်း အထိအပါး လုံးဝမခံနိုင်ဘူးဆိုရင်တော့ဖြင့် ငါတို့ တောင် တစ်ပတ်ဆယ်ရက် သင်္ကန်းဝတ်ရတာ ပိန်လိန်ပြီးလူထွက်ရမဲ့ ရက်ကို မျှော်နေခဲ့ တဲ့ ရက်တွေကိုပြန်တွေးရင်း သာသာနာကို သယ်ဆောင်ပေးနေတဲ့ ရဟန်းစစ် ရဟန်းမှန်တွေအတွက် ဗုဒ္ဓဘာသာလို့ ဝန်ခံတဲ့သူတွေအားလုံး လက်တွဲလို့ ဘုန်းကြီးထိ ဓါးကြည့် လို့ ခံယူသင့်ပါတယ်ရှင်......။ အဲလိုမှ မဟုတ်ရင်တော့ နောင်လာမဲ့ မျိုးဆက်တွေအားလုံး..... မြတ်စွာဘုရား ရုပ်ပွားတော်တွေရှေ့ ရောက်ရင် ဟစ်ဟော့ သီချင်းဆိုပြီး ပူဇော်တဲ့ ခောတ်ရောက်လာမှာ ကျမတော့မြင်ယောင်မိပါတယ်ရှင်....။ ရန်ဖြစ်ဘို့ မဟုတ် လက်တွဲပြီးဖြေရှင်းဘို့ ကိုသာ မျှော်လင့်ပါတယ်...။ ကြိုးစားစေချင်ပါတယ်ရှင်....။
စာဖတ်သူအားလုံးကိုအစဉ်လေးစားလျက်
မမ
မှတ်ချက်။....။ဦးကျော်သူကိုအားကျလို့ ပရဟိတ လုပ်ငန်းအဖြစ် မြောက်ဒဂုံဘုန်းကြီးကွေ့ ဆိုတဲ့ နေရာလေးမှ မနက်ဆွမ်းခံကြွ ကိုယ်တော်တွေအတွက် ဖယ်ရီသဘောမျိုး စီစဉ်ပေးချင်လို့ ကျမတို့နီးစပ်ရာတွေ ကြိုးစားနေကြပါတယ် လို့ အသိပေးအပ်ပါတယ်.....။
ဓါတ်ပုံကို
ဒီနေရာမှ ယူပါတယ်..။ကျေးဇူးတင်လျက်..။
Labels: ကျိုက်ထီးရိုး တက်တုန်းက
Posted by Anonymous ::
12:44 PM ::
12 Comments:
Post / Read Comments
---------------oOo---------------