မမ

Thursday, February 12, 2009

ကြမ္ဓာ....


ကျမခပ်ငယ်ငယ် အရွယ်တုံးက သူငယ်ချင်း ကောင်မလေး တစ်ယောက် ရှိတယ် ။ သူပုံစံက ခင်ချင် စရာတစ်စက်မှ မကောင်းဘူးရှင့်..။ သူ့ပုံစံ ကိုပြောပြရရင် အသားက ညိုညို လူကပုတိုတို သူ့ နှုတ်ခမ်းက ကြည်လဲ့လဲ့ဦး နှုတ်ခမ်းကို အနဲဆုံး လေးဆ တိုးကြည့် ။ သူ့ ဆံပင်ပုံက ဂုတ်ထောက်လောက်ကို ဖွာရာကျဲ ပြီး လန်ပြန်နေတာ စိုင်းဘာဘာခေါင်းလိုပဲ....။ ဒါပေမဲ့ သူက ကျမကို ခင်ရှာတယ် ။ သူခင်တော့ ကျမကလဲ သူ့ကို ခင်တာပါပဲ..။ ဒါပေမဲ့ သူနဲ့ သွားလာလည်ပတ်ရင်း သူကစကားပြော မောက်မာတာ သတိထားမိတယ် ။ သူဘာလို့ များအဲလိုမောက်မာသလဲ ကျမ စဉ်းစားကြည့်တယ်...။ ချမ်းသာတဲ့ အထဲကလဲ မပါ..။ သာမာန်ပဲ ရုပ်ချောတယ်လို့  ပြောရအောင်လဲ သူကကျမ အခုနပြောတဲ့ ရုပ်အတိအကျပဲ ။
ကျူရှင်သွား တူတူ အိမ်လဲလာတယ် ။ ဥပမာ သူအိမ်လာလို့  ကျမကကော်ဖီ ဖျော်ပြီး သူ့သောက်ဘို့  ချပေးရင် ငါကော်ဖီမကြိုက်ဘူး....။ အအေးလုပ်ပေး ...။ အဲလိုပုံစံမျိုး...။ အမတွေကကြည့်လို့ မရဘူး ...။ ဒါပေမယ့် ကျမကလဲ သူတို့ အိမ်ကို အလှူအတန်းကလွဲလို့ အလည်မသွားဘူး ။ သူက လာရှာတယ် သူ့အဖေက ဒုအရာ ခံဗိုလ်လို့ သူပြောတယ်.....။
အဲလိုနဲ့ ၈လေးလုံး ပြသနာတွေ ပြီးတဲ့နောက်မှာတော့ ကျမတို့ တွေ သူငယ်ချင်းတွေ ဖြစ်လာပြီ ။ အဲဒီအချိန်မှာ သူကျမတို့ ဆီကိုအလာစိတ်လာတယ် ။ အရင်ကထက် ပိုမောက်မာလာတာ ကလွဲလို့ အလှတွေပြင် ၀တ်တာစားတာလဲအရမ်း....။ ပေါ်သမျှသူ့ ခါးမှာ ဟိုအရင်ကသုံးတာ နဲ့ တစ်ခြားစီ...။ အိမ်လာလည် ရင်လဲ ကိုယ်ပိုင်ကားက တစ်နေ့ တစ်မျိုး ...။ အိမ်က အမတွေကလဲ သူ့ အချိုးမကြိုက် ..။ ကျမကလဲအားနာ ...။ ကျမကိုတော့သူ တော်တော်လေးကို ခင်တာ...။ အဲလိုနဲ့ ..... မမလေ.... သိတယ်နော် ...။ စပ်စုနည်းပေါင်း စုံသုံးပြီး စပ်စုတာပေါ့ရှင်....။
သူပြောတာ သူ့ အဖေက ရာထူးတက်သွားပြီတဲ့.......။ ဒုအရာခံဗိုလ် မဟုတ်တော့ဘူးတဲ့ ...။ ဗိုလ်ကြီးဖြစ်သွား ပြီတဲ့.....။ အင်း..... ပေါ့....။ ကျမက ဘာသိမှာမို့လို့လဲ.... အရေးအခင်းကာလမှာ.. တိုင်းပြည်အတွက် ရန်သူတွေကို အပြတ် ချေမှုန်းပေးခဲ့လို့ တဲ့ ...။ ကျမလဲ နင့်အဖေက ဘယ်မှာတာဝန်ကျတာလဲ ဆိုတော့ ရန်ကုန်မြို့ လယ်က ဆက်သွယ်ရေး ရုံးအပေါ်ထပ်မှာလေတဲ့ ။ အခု ဈေးများဌာနမှာ ဌာနမှူး ဖြစ်နေပြီတဲ့ ။ ရန်ကုန်က ဈေးတွေအားလုံး အဖေပိုင်တယ်တဲ့ ။ အော်.... ဟုတ်လား ကျမက ဘာသိတာမှတ်လို့ ..။ အိမ်ကအစ်ကို တွေအမတွေကို ကျမက ပြန်ပြောတော့ နောက်... အိမ်မလာစေနဲ့တဲ့...။ အဲဒီ ကောင်မလေး ကြည့်လို့ မရဘူးတဲ့ ။
အဲလိုနဲ့ သူနဲ့ ကျမပြတ်စဲဘို့ ဖြစ်လာတာက တစ်နေ့ .... ကျမနဲ့ သူငယ်ချင်းတစ်ယောက် လမ်းလျှောက်လာရင်း အနားကို ကိုယ်ပိုင်ကားတစ်စီး ထိုးရပ်လာတယ်...။ ကျမတို့  ကြည့်လိုက်တော့ သူကနောက်ခန်းမှာ ထိုင်လို့ တက်...တက်... ဆိုတော့ ကျမတို့ လဲကားပေါ် တက်တာပေါ့...။ ပြီးတော့... မုန့်ကြွေးမယ်တဲ့ ..။ မင်္ဂလာဈေးသွားမလို့  လိုက်ခဲ့တဲ့.....။ လိုက်တာပေါ့ ...။ ဟိုရောက်တော့မှ ကျမတို့  ဒုက္ခတွေရောက်ပုံများရှင်.....။ မုန့်စားတယ် ..။ ရွှေရင်အေးသောက်တယ်......။ သူက ပိုက်ဆံမရှင်းဘူးရှင့် .....။ ဈေးအဖွဲ့ မှူးရုံးကို လက်ညိုးထိုး ပြတယ်.....။ အဲဒီကရှင်းမယ်ပေါ့ ....။ အဲဒါက အစားအသောက်နော် ....။ ဆိုင်တွေကလဲ မိတ်ကပ်ပစ္စည်းက အစ အကုန်ယူတာ...။ အဲဒါလဲ ပိုက်ဆံ မပေးဘူး.....။ ပြီးတော့အ၀တ်အထည် ပါတိတ်ဆိုင်က ဓါးကြီး ပါတိတ်ဆို သုံးထည်လားမသိဘူး ။
ကျမ သူငယ်ချင်းကလဲ ကျမကိုလက်ကုတ် ဆိုင်ရှင်တွေရဲ့ မျက်နှာ မသာမယာတွေ ။ ကျမတို့ က တွေ့ နေရတာ လေရှင့် ....။ ကျမတို့ သူနဲ့ လမ်းခွဲပြီပြန်ဘို့ လုပ်တယ် ... ။ သူက မရဘူး...။ အတင်း ပြန်ပို့ မယ် ။ ကျမတို့ ကိုယ် ဈေးပို့ တဲ့ကားကလဲ ချပြီးတာနဲ့ သူကလေး ကျောင်းကြိုစရာရှိလို့ ပါဆိုပြီး တောင်းတောင်း ပန်ပန်နဲ့ ကို ထားခဲ့တာလေ ...။ ကျမတို့ က ကိုယ့်ဖာသာပြန်မယ် ဆိုပြီး အတင်းပြန်တာ ...။ သူက ဆွဲပေါ့....။
ဈေးအဖွဲ့  ရုံးခန်းကို ရောက်တော့ ထိုင်နေတဲ့လူကြီးတွေကို လ္ဘက်ရည် မှာလေ ဘာလုပ်နေတာလဲ ပုဇွန်တောင်ဈေး ပြောင်းချင်လို့ လားတဲ့ ...။ ကျမတို့ မှာ ပူလိုက်တဲ့ မျက်နှာ...။ ပြီးတော့ ကားတစ်စီး စီစဉ်ပေးပါ တဲ့ ဈေးအဖွဲ့ မှူးကလဲ ဟိုဆိုင်ဖုန်းဆက်တောင်း...။ ဒီဆိုင်ဖုန်းဆက်တောင်း ...။ အား.... ပါး... ရှုပ်လိုက်တဲ့စိတ်..။ ရှက်လိုက်ရတဲ့ အရှက် ။ ပူလိုက်ရတဲ့ မျက်နှာ ။
အဲလိုနဲ့ ကျမတို့ အနေဝေးသွားကြတော့တယ်...။ သူဆယ်ခါဆက်မှ ကျမတစ်ခါဖုန်းကိုင်တယ် ။ သင်္ကြန်ဆိုရင်တော့ သူ့ ကျေးဇူး ကျမမှာရှိတယ်...။ သူ့အဖေနာမည် ပြောလိုက် တာနဲ့ ကျမတို့ မြို့ တော်ဝန် မဏ္ဃပ်မှာ ရှေ့ ဆုံးက ရေပက်ရတယ် ။ ရှေ့ ဆုံးနားကကို ထိုင်ကြည့်ခဲ့ ရတာ...။
အဲလိုနဲ့ နှစ်တွေကြာပြီး တစ်ခါပြန်တွေ့ တော့ သူပုံစံကညစ်ထပ်ထပ် ...။ လေသံကတော့ အရင်အတိုင်းပဲ...လူက တော့ တောက်တောက်ပြောင်ပြောင်မရှိဘူး ...။ ကားတွေဘာတွေနဲ့ လဲ မဟုတ်တော့ဘူး...။ အဲဒါနဲ့  နင့်အဖေရောဆိုတော့ ပင်စင်ယူသွားပြီတဲ့ ....။ သက်ပြည့်လို့ ယူတာမဟုတ်ဘူး ပင်ပန်းလို့ တဲ့.....။ အခု အဖေက ရွှေတိဂုံဘုရားပေါ်မှာပဲ.... နေတယ်တဲ့  .. ။ အိမ်တောင်ပြန်မလာ
ဘူးတဲ့.....။ ဂေါပက အဖွဲ့ ဝင်လေတဲ့ ....။ အော်....ကောင်းတယ် ကောင်းတယ် လို့ ပြောရင်း ။ ငါ ဘုရားရောက်ရင်သွားတွေ့ ဦးမယ်လို့ ပြောရင်း
နှုတ်ဆက်တော့ မုန့် ဘိုးတောင်းလို့ ကျမပေးခဲ့ တယ် ....။ အဲလိုနဲ့ ကျမတို့ ဘုရားတက်တိုင်း သူအဖေနဲ့ တွေ့ တယ်...။ အမှန်ကအဖေတွေအမေတွေက ခပ်ရိုးရိုးပဲ....။ ကျမသိသလောက် ကျမတို့ ရွေသင်္ကန်းတွေ အချပ်လိုက်ကပ်လို့ ရတယ် ဆိုတော့တောင် သူအဖေအားလုံး ကူညီပြီး လုပ်ပေးတယ် ။ ကျမတို့  ဘုရားတက်တိုင်းလဲ မုန့်တွေရော..... လက်ထဲကို လှူချင်တာ လှူဘို့ ဆိုပြီး အဘကို ကန်တော့တာ ဆို ပြီး အမြဲပိုက်ဆံ ပေးခဲ့တယ်....။
စကားအေးဆေးဆေး ပြောဖြစ်တဲ့ နေ့ တွေဆိုရင် အဘပင်ပန်းလို့  ပင်စင်ယူတာဆို လို့ မေးတော့ မဟုတ်ဘူး တဲ့....။ သမီးကဆိုး လွန်းလို့ တဲ့  ဘယ်လိုမှထိန်းလို့ မရ.... မျက်နှာပျက်စရာတွေ ခဏခဏလုပ်လို့ တဲ့....။ ကြာရင် မကောင်း လို့ ထွက်ခွင့်တင်လိုက် တာတဲ့ ....။ အခုဆို စိတ်ဆင်းရဲလွန်းလို့ အိမ်တောင်မပြန်ဘူးတဲ့ ရှင် ....။ သူအကုန် ဖြုန်းတာကုန်ပြီတဲ့ ....။ ကားလဲ ရောင်းစားတယ် အိမ်လဲ ပေါင်ပစ်တယ်တဲ့  ...။ ရှိတာရောင်းချပြီး ပြန်တော့ ရွေးပေး ထားတယ်တဲ့ ....။ အဘွားကြီး ကျန်သေးတယ်လေတဲ့  ....။ ကျမတို့ လဲစိတ်မချမ်း မသာနဲ့  အဘရယ် အသက်ကြီးတဲ့ အချိန် သက်တောင့်သက်သာနေရတာ ဘယ်လောက်ကောင်းလဲ.....။ တစ်ချို့ဆို သားသမီးပို့ မှဘုရားတက် ရတာအဘရဲ့ ဆိုတော့ ...။ ဒီမှာလဲ ပင်ပန်းတယ်တဲ့ အောက်က သံမံတလင်းဆိုတော့ လူကြီးနဲ့ မတဲ့ ဘူးတဲ့  ဆိုပြီး..... သူ့ပုဆိုးလေး မပြတယ်...။ ခြေထောက်ကြီးတွေဆိုတာ ယောင်လို့ မိုးတွင်းဖက်ဆို ပိုဆိုး တယ်တဲ့ ....။ ရေတွေဆိုတာ သံမံတလင်းပေါ် ထီးတစ်ခြောင်းနဲ့  ချော်မလဲအောင် ဂရုစိုက်ပြီး ဘုရားပတ်နေရတာပဲတဲ့ ...။ မနှစ်က ဘုရားတက်တော့ ကျမသူ့ကိုစုံစမ်းတော့ မရှိရှာတော့ဘူး ...။ ဆင်းဆင်းရဲရဲ နဲ့ သမီးနှိပ်စက်လို့  ဆုံးရှာပြီတဲ့ ...။ အဘွားကြီးလဲ ဆင်းဆင်းရဲရဲ ကျန်ခဲ့ တယ်တဲ့ ။
အဲလိုနဲ့ စကော့ဈေးရှေ့ မှာ သူငယ်ချင်း တစ်ယောက်နဲ့ ဆုံတော့... သူငယ်ချင်းကသူ့အကြောင်းပြောပြတယ် ။ ...သူအိမ်ထောင်ကြပြီး တော်တော်ကို ဆင်းဆင်း ရဲရဲတဲ့ .....။ မိဘတွေ ကိုလဲ နှိပ်စက်တာကမ်းကုန် တဲ့ ...။ သူ့ကိုလဲ ဟိုလူက တရားစွဲ ဒီလူကတရားစွဲတဲ့  ။ ဗိုက်ကြီးနဲ့  ကလေးမမွေးနိုင်လို့ ဆင်းဆင်းရဲရဲ နဲ့သူ့အဖေနဲ့ ရှေ ဆင့်နောက်ဆင့် ပဲ ဆုံးသွားပြီတဲ့ ...။
သူအမေကတော့ အရမ်းသနားဘို့  ကောင်းတယ်တဲ့ ...။ သူ့ အမေရော အဖေရော သူ ရော ၀ဋ်ကျွတ်သွားတာတဲ့ ရှင်.... ။ ကဲ .... ကံကြမ္မာဆိုတာ...ဘာလဲလို့ တွေးမနေနဲ့ ..။ကိုယ့် အနားမှာနီးနီး လေး ..... ရပ်စောင့်နေပါတယ်ရှင်....။

မမ

Labels:


Posted by Anonymous :: 2:51 PM :: 9 Comments:

Post / Read Comments

---------------oOo---------------