မမ

Thursday, February 26, 2009

မမ နဲ့ စင်္ကာပူ



မြန်မာပြည်မှာ ယောင်တောင်ပေါင်တောင်လုပ်နေတဲ့ ကျမကို အမက စကာင်္ပူ ခေါ်တယ် ။
လူချစ်လူခင်ပေါ အပေါင်းအသင်း အင်မတန်မင်တဲ့  ကျမကို ကတိတွေ အထပ်ထပ်တောင်းတာက မြန်မာပြည်မှာလို လူတွေကို အကုန်မခင်ဘို့  မပေါင်းဘို့ ။
ဗုဒ္ဒေါ ဘယ်သူမှလဲ မလာချင်တာကို အတင်းလဲခေါ်သေး ကတိတွေလဲတောင်းသေး .... ။ မလာဘူးဟာ ဆိုတော့လဲမဟုတ်ဘူး....။ ကျမကလဲ ခဏတစ်ဖြုတ်ကတော့ ပဲပေးပြီးလာချင်သပေါ့ရှင် ....။ စိတ်ထဲမှာ သူ ဘယ်လို စီစဉ်စီစဉ် ကိုယ်နေချင်မှဖြစ်မှာလေ... နော့.....။
မြန်မာတစ်နိုင်ငံလုံး ပထမဦးဆုံး ဆိုးဆိုးဝါးဝါးကို မီးပျက်တဲ့ ရောဂါကြီး ရန်ကုန်မြို့လယ်ကို စတင်ကူးစက်လာတဲ့  တစ်နေ့ မှာတော့ မလတ်နဲ့ ဖုန်းပြောတိုင်း နင့်ဆီမှာ မီးပျက်လားလို့ မေးတတ်တဲ့ ကျမကို တဟားဟား ရယ်မောရင်း..... နင်လာကြည့်တဲ့  မြန်မာပြည်ကြီးကို အဝေးကနေ လှမ်းကြည့်တဲ့ အရသာဖီလင် ဘယ်လိုလဲဆိုတာ လာကြည့်လှည့်တဲ့ ......။
လေယာဉ်ကွင်းကို ကျမကို လိုက်ပို့ တာက ဒီနေ့ထိ ဘယ်တော့မှ ပြန်မမြင်ရတော့တဲ့ (အဲ..... စင်္ကာပူကို တစ်ခေါက်တော့ အလည်လာသွားသေးတယ်) ကျမရဲ့အရင်းနှီးဆုံး နားအလည်နိုင်ဆုံး ကျမသူငယ်ချင်း...။
ကျမအသိုင်းအ၀ိုင်း သူ့ အသိုင်းအ၀ိုင်းက ကျမတို့ နှစ်ယောက်ကို တစ်နေ့ ချစ်သူဖြစ်သွားမဲ့သူတွေလို့ အထင်ခံခဲ့ရဘူးတဲ့ သူနဲ့ ကျမတို့ မိဘညီအကိုမောင်နှမတွေပေါ့....။
နင်လေယာဉ်ပေါ်မှာ ငြိမ်ငြိမ်ထိုင်သွားနော် လက်လက်ထမနေနဲ့ စပ်စပ်စုစုတွေ လျှောက်လုပ်ပြီး လမ်းမှာကျကျန် နေခဲ့မယ် ...... ဘာမှတ်လဲဆိုတဲ့ အကိုအမတွေ ခြောက်လိုက်တာကို ဟုတ်သလိုလို ထင်ခဲ့ ဖူးတဲ့ကျမ ......။
ဒီနိုင်ငံ မှာနှင်းဆီပန်းတွေ မပွင့်ဘူးလို့  တွေးခဲ့ဘူးတဲ့ ကျမ.....။ စကာင်္ပူကိုခြေချတဲ့ အချိန်က ညနေခြောက်နာရီလောက် .... ။ အမနဲ့ လေဆိပ်ထဲက ကော်ဖီဆိုင်လေးမှာ အတူတူထိုင်ရင်း ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် စပ်စုနေတဲ့ ကျမ....... မလတ် ပြောနေတာတွေ မကြားတစ်ချက်ကြားတစ်ချက် နဲ့  တက်စီပေါ် ရောက်တော့ ခုနှစ်နာရီခွဲနေပြီ.....။
တက်စီပေါ်ကနေ မြင်တဲ့ မီးရောင်တွေ ပြောင်လက်နေတဲ့ ကားအကောင်းစားတွေ ငေးကြည့်ရင်း.... မှောင်မဲ မီးစက်သံတွေ တစ်ဒုန်းဒုန်း ဆူညံနေတဲ့ ရန်ကုန်မြို့ ကြီးရဲ့  ညဦးကာလတွေ နဲ့ ယှဉ်ကြည့်ရင်း မလတ်အဘွားပြော တဲ့ နတ်ပြည်ဆိုတာ..... ဒါထင်တယ်နော်ဆိုတော့ မလတ်ကမဟုတ်ဘူးတဲ့ .....။ ဒါ အဖွားပြောတဲ့နတ်ပြည်နဲ့  တူအောင် လုပ်ထားတာတဲ့ ......။ မိုးထိအောင်ထိုးတက်နေတဲ့  အဆောက်အဦးတွေကို တက်စီပေါ်က မော့ကြည့်ရင်း မလတ်နေတဲ့  အိမ်အောက်မှာ ကားရပ်တယ်....။
ဓါတ်လှေခါးနဲ့  ၂၄ထပ်ကို တက်လာပြီးတဲ့နောက်မှာတော့ အင်္ဂလိပ်စကားကို ဘယ်လိုမှ ကျမနားမလည်နိုင်အောင်ပြောတဲ့ စလုံးအသက်ငါးဆယ်ကျော်လောက် လင်မယားနှစ်ယောက်က စပ်စုတာကို မလတ်ကရှင်းပြရင်း ကျမနဲ့ မိတ်ဆက်ပေးတော့တာပါပဲ......။ အဲဒီ အချိန်ထဲက လက်လက်ထ သူငယ်ချင်းတွေနဲ့ မြို့ ပတ် စားချင်တာစား သွားချင်တာသွား တစ်နေ့မလှူရရင် မကူညီရရင် မနေနိုင်တဲ့ကျမ(ကျမကိုယ်ကျမအဲလို ထင်ခဲ့ပေမဲ့အိမ်က လူတွေက တော့တစ်နေ့ အရူပ်ထုပ်တစ်ခု မလုပ် ရရင်မမ မနေနိုင်ဘူးတဲ့) နား ၊ မျက်စေ့ ၊့ ပါးစပ်တွေအားလုံးပိတ်လို့  နိုင်ငံခြားမှာ နေတတ် ထိုင်တက်အောင် မလတ်က ပုံသွင်း အကျဉ်းချတော့တာပါပဲ....။ သူငယ်ချင်းတွေထဲက တစ်ယောက်ပြီး တစ်ယောက်နိုင်ငံခြားထွက်ဘို့  ကျမကို အဖေါ်စပ်တိုင်း လာနှုတ်ဆက်တိုင်း ရွှေတိဂုံဘုရားကြီးရယ် မုန့်ဟင်းခါးရယ် ကတ္တီပါဘိနပ်စီးတဲ့ ခြေထောက်တွေကို ငါသေမှခွဲမှာလို့ စကားကုန်အောင် ပြောခဲ့ဘူးတဲ့ ကျမ.....။ သူငယ်ချင်းတွေတောင် နှုတ် မဆက်ရဲလို့ တိတ်တဆိတ်ထွက်ခဲ့ ရတဲ့ ကျမလွမ်းလိုက်တာ....... ။ မှားလိုက်တာလို့ တစ်ယောက်ထဲ တိတ်တိတ်လေး ငြိမ်သက်ရင်း နေတတ်ခဲ့တာ ဒီနေ့ အထိပါပဲ .......။ ပိတ်ရက်တွေတိုင်း မလတ်ကို မြန်မာတွေရှိတဲ့ နေရာသွားမယ်လို့  ကျမပူဆာတိုင်း စိတ်ပျက်လက်ပျက် အမြဲငြင်းတဲ့ မလတ်ကို စိတ်ဆိုးရင်း......။ ရန်ကုန်ဖုန်းဆက်တဲ့အချိန်တိုင်း ငိုယိုပြီး အခုချက်ခြင်း ပြန်လာမယ်လို့ ပြောတတ်တဲ့  ကျမကို ဒီစင်္ကာပူကို အစိုးရတဲ့  ကျွန်းစောင့်တဲ့ နတ်မင်းကြီးကများ မေတ္တာသက်ဝင် ချစ်ခင်နေသလားမသိ ..... ဘာတင်တင် ဘာလုပ်လုပ် ရီဂျက်ဆိုတာမရှိပဲ...... နေ.... မမကြိုက်သလိုသာ နေစေလို့များ အမိန့် ချလိုက်တာလား .....။ ရန်ကုန်တမြို့ လုံး ဘရုတ်ဘရက် ရူပ်ယှက်ခတ်နေလို့ များ မြန်မာပြည်စောင့် သမာဒေဝ နတ်ကောင်းနတ်မြတ်တွေက ပြန်အဝင်မခံတော့တာလားလို့ ကြေကွဲ စွာလွမ်းဆွတ်မိ တဲ့ညပေါင်းကများစွာ....။ မြန်မာ တွေကိုကြောက်တတ် အောင်နည်းမျိုးစုံ သုံးပြီး ခြောက်တတ်ခဲ့ တဲ့မလတ် ...မလတ်နဲ့ ..မြန်မာတွေ ရှိတဲ့ နေရာကို လိုက်သွားတဲ့အခါတွေ တိုင်းစပ်စုချင်အပေါင်း အသင်းလိုချင် ကောင်လေးတွေ ကောင်မလေးတွေ စုရုံး စုရုံး နဲ့ မတပ်ရပ် စကားပြောနေတာ တွေ့ တိုင်းကျမလဲ ၀င်ရပ်ချင် ၀င်စကားပြော ချင်တာရင်ထဲမှာ အပြည့်ပါပဲ။ အဲလိုနဲ့  ကျမသူ ငယ်ချင်းတစ် ယောက်ရခဲ့တယ်........၊ သူပုံကအချောကြီး မဟုတ်ပေမဲ့  ကြည့်ပျော်ရူ့ ပျော်ရုပ်ရှိတယ်။ ခက်တာက မထော်မနန်း တွေသိပ်ဝတ်တာ အဆိုးဆုံး ကလူ ရှေ့ ရောက်ရင်ဘို လို ပြောတာ ကျမနဲ့ စကားပြော ရင်တောင် မြန်မာ စကား ကို အင်သမ်း အလုံး တစ်သိန်းလောက် ခံပြောတာ ဥပမာ ကျမက ထမင်းစားပြီးရင်တို့  ဘယ်သွားကြမလဲ ဆိုပါစို့ ဈေးဝယ်မယ် အင်သမ်း ဟားဟားဟား ဒါမျိုး မလတ်ကနင် သူငယ်ချင်း အင်သမ်းတဲ့  နံမယ် ပေးထားတယ် ...........။နောက်တစ် ယောက်က ကောင်လေး အဲဒီ အမ နဲ့ ပတ်သက် ပြီးခင်တာ သူကတစ်မျိုး တွေ့ တာ နဲ့  ဒီအင်္ကျီ မိုက်လား ငါစီးထားတဲ့  ဘိနပ်လှတယ် နော် တွေ့ လား သူ့ ...ကြည့်လိုက်ရင်လဲ တစ်စက် မှာ ရင်ခုန်စရာမရှိ............။ယောက်င်္ကျား လေးတွေ မှာ စွဲမက်ဖွယ်ကောင်း တဲ့ စွဲဆောင်မူ့  အနဲအများရှိပေ မဲ့  သူ့ မှာတော့ တစ်စက် မှမရှိရှာဘူး..........။မလတ်က နံမည် ပေးထား တာ တောကာလသားခေါင်း မောင်ကျောက်ရှည် တဲ့  သူဝတ် ထားတာနဲ့  သူနဲ့ ဘာဆို ဘာမှမဆိုင်တာတွေ..........။
အင်သမ်း နဲ့ ကျောက်ရှည် တစ်နေ့ ရည်းစားဖြစ် ဘို့ ကောင်းတယ် လို့ အခါခါ တွေး မိတယ် ကျောက်ရှည် နဲ့ ပတ်သက်ပြီး နောက်တစ်ယောက် ထပ်ပါလာတာက ဟီးမလတ် နံမည် ပေးထားတာ ထွေးညို တဲ့  တစ်နေ မ့လတ်နဲ့ ကျမ တို့ နှစ်ယောက် ကို လမ်းမှာ တွေ့ တော့ ထွေး ညို အဝေးကြီး ကအော်ပြီး ပြေးလာတယ် မလတ် က မမနင့်ဟာတွေ ကဟယ်လို့  စိတ်ပျက်လက် ပျက်နဲ့ ငြီးတယ် မလတ် သူတို့ က အဲလို တစ်လွဲ ၀တ်တာ ကလွဲလို့  ကျန်တဲ့ နေရာ အကုန်မှန်တယ် လို့ ကျမကပြန်ပြောတယ်....။ ပြေးလာတဲ့  သူကိုထွေး ညို လို့ နံမည် တန်းပေး တာ က တစ်ချို့ မြန်မာပြည်ကလွဲ ရင်အတို ၀တ်ရမယ် လို့ များပုံသေ နည်း ချထားလား........။ မသိ ခြေသလုံး တုတ်တုတ် ပေါင်တုတ်တုတ်တွေ အကုန် ရုပ် ဆိုးတာမှန် သမျ ဖေါ်တော့တာပဲ စကပ်ကတို ပုလုံး ပုလုံးနဲ့  ပြေးလာတဲ့ အဲဒီကောင်မလေး ကိုမလတ် ကနင့် သူငယ် ချင်းထွေးညို ဘိုလိုက လာ တာ ကြည့်ရတာ စိတ်ဆင်းရဲ ပါ့ တဲ့ .......။ ကျမကတော့ သူတို့ နဲ့ တစ်နေ့ လုံးပြော တာနား ထောင် သူတို့ လူပ်ရှားတာတွေ ကြည့်ပြီး ရီမောနေရ တာကို ကအဖေါ်မဲ့ နေတဲ့ ကျမ အတွက် ကျေနပ် စရာပါပဲ...။နောက် သူတို့ ကဓါတ်ပုံ သိပ်ရိုက်ချင် တာ ဘယ်နေရာ ရောက်ရောက် ဓါတ်ပုံ ရိုက်မယ် ဆိုတာ ချည်းပဲ ကျမကရိုက် ပေးရတယ် ကျောက်ရှည် ကလဲရိုက်ချင်တာ တာပဲ.....။သူတို့  ကလူရှေ့  မရှောင် ရိုက်ချင် ပေမဲ့  ကျမက ကြရှက် တယ်သူ တို့ ပုံ တွေထွက် လာလို့ ကျမ ကြည့်ပြန် တော့လဲ ဟီး ရူ့ ခင်း ကလွဲ လို့ ပုံ လာပန်းလာ လဲမရှိ သူတို့ ကတော့ မမ ရေဒီပုံ လေးအရမ်း လှတယ် နော်ဆို ပြလို့  ကြည့်ရင် ...ကျမက တော့ရီချင် တာပါပဲ.....။ဒါပေမဲ့  သူတို့ ကရိုးသား တယ်စိတ် ထဲကနေ နင်တို့ မှာအရမ်း လှတာဆို လို့ ရိုး သားတဲ့ ဂုဏ်ပဲရှိ တယ်လို့  ပြောမိတယ်။တစ်နေ့ ပေါ့  မလတ် မွေးနေ့ လေ ကျမတို့  လေးယောက် ကိုကော်ဖီ တိုက်မယ် မုန့် ကျွေးမယ်တဲ့ ကျမက လဲနင်တို့  အလှဆုံး အသားနား ဆုံးဝတ်လာ နော်လို့  မြှောက်ပေး မိတယ် ........။ သူတို့ နဲ့ စုံတော့ မလတ် ကအထပ် ၇၀ ရှိတဲ့ ဟော်တယ် မှာကော်ဖီ တိုက်မယ် တဲ့ပြီးတော့ မှညနေ စာကို အ၀စား တဲ့ရောက် ဖူးအောင် ပို့ တာ ဈေးကြီးတယ် ကော်ဖီပဲ သောက်တဲ့ ဓါတ်လှေ ခါးက ရိပ်ရိပ် နဲ့ တက်သွား တာမြန်မှ မြန်ပဲ အပေါ် ရောက်တော့ စင်္ကာပူ တစ်မြို့  လုံးအပေါ် ကနေ စီးကြည့်ရတာ တော်တော် ကိုကျေနပ် စရာပဲ..........။ကျမက မလတ်ကလဲ အေးဆေး ထမင်းစား ပြီးမှ လာထိုင် တာမဟုတ် ဘူးဆို တော့အောင် မာဒီလောက် ဈေးကြီး တာတဲ့ ညနေလေး နာရီကျော် ရင်ဈေးတစ် မျိုးတဲ့ ဟုတ်လား အခု ကော်ဖီ တစ်ခွက် ဘယ်လောက် လဲလို့  ကျမတို့  ကစပ်စု တော့ စင်္ကာပူ ဒေါ်လာ ၂၅ ကျပ်တဲ့ ကျမတို့ သွားတာနေ့  လည်၂နာ ရီလောက် ပေါ့ ........။ ညနေစောင်း ဆိုလူတွေ အများကြီး တဲ့  အနားယူ အပန်းဖြေ အလုပ် အကြောင်း ဆွေးနွေး ကြတာ တဲ့  ကျမရင် ထဲမှာ ငါချစ်သူ ရရင်ဒီ နေရာ လေးမှာ အဖြေပေး မယ်လို့ စဉ်းစားခဲ့ ဘူးပါတယ်။မတန် မရာ စဉ်းစား ခဲ့ လို့ လားမသိ ဟိ ဒီနေ့ ထိကို ပြန်မရောက် တော့တာ...။အဲလို နဲ့ ကျမ ကတော့ ကော်ဖီ တစ်ခွက် သောက်ပြီး အကုန် လျောက်ကြည့် ခဲ့တာပဲ သုံးနာ ရီကျော် ကျော်လောက် ကြမလတ် က ပြန်ကြ မယ်တဲ့ .......။ ကျမတို့ အောက်ရောက် တော့မလတ် ကအနား မှာရှိတဲ့ ရှော်ပင် စင်တာ တစ်ခုကို ၀င် ပြီးတော့ ကျောက်ရှည် ကိုနင် အင်္ကျီလဲ ရမယ်တဲ့ အဲဒီအကျီ နဲ့ ငါကြွေးမဲ့ ဒင်နာကို စားဘို့ ဘယ်လို မှနင်အစဉ်ပြေ မှာမဟုတ် ဘူးတဲ့ .......။ကျမတို့ ကျောက်ရှည် ကိုအကုန် ၀ိုင်းကြည့် တယ် ကျောက်ရှည် ခင်ဗျာ ရှက်လွန်း လို့ ထင်တယ် မျက်နှာတွေ နီပြီး ရှက်ကိုးရှက် ရှက်ကန်း ကိုဖြစ်လို့  ကျမက တော့မလတ် တော့ငွေ ကုန်လူပမ်းခံ ပြီး ငါဘော်ဒါ တွေကို ကြပ်ပြီ လို့ တွေးမိရဲ့ .........။ဘွတ်တွေ ရွတ်တွေ တိုင်တွေ ကုတ်တွေ နဲ့ အပီ အပြင်ဂိုက် ပေးအ တူနေ သူငယ် ချင်းတွေ ကိုဒင်နာ သွားစားမှာ လို့ ဘယ်လောက် များကြွား ခဲ့ပါလိမ့်....။မလတ် ကတော့ ခပ်တည် တည်ပဲ ကျမက ကျောက်ရှည် ရှက်နေတာ ကိုကြည့် ပြီးမလတ် တို့ သုံးယောက် ရောဒီပုံ နဲ့ စားလို့ ရလားလို့ မျက် နှာငယ် လေးနဲ့  ရူးချင်ရောင် ဆောင်ပြီး မေးတော့ ကျမတို့  ကိုလှည့် မကြည့် ပဲရတယ် ရတယ်လို့  ပြန်ဖြေတယ် အလို နဲ့ တီရှပ် လက်ရှည် အစိမ်းရောင် လေးနဲ့  ဘောင်းဘီ ဒူးခေါင်းအောက် အနက်ရောင် လေးတစ်ထည် ၀ယ် ပြီးမလတ် ကသွားလဲ ချေတဲ့  အားကိုး တစ်ကြီးနဲ့  ကျမကို လှမ်းကြည့် နေတဲ့ ကျောက်ရှည် ကိုမမြင် ဟန်ဆောင် ပြီးဘိနပ် တွေကို ကြည့်ချင် ဟန်ကျမ ဆောင်နေခဲ့တယ် တီရှပ် အစိမ်းဘောင်း ဘီအနက် နဲ့ ကျောက်ရှည် ပြန်ရောက် လာတော့ မလတ်က တက်စီ ငှါးပြီး မရီနာဘေး ကိုမောင်းခိုင်း တယ်လူ တွေတစ်အုန်း အုန်းအကင် နံ့ တွေမွန် ထူနေတဲ့  ပူအိုက်ချွေး ပြန်နေတဲ့ နေရာမှာ မလတ်က ကြိုက်တာ ယူအ၀ သာစား တစ်ယောက် ကိုတစ် ဆယ်ပဲ တဲ့ပုဇွန် တွေဂဏန်း တွေတစ်ပုံ ကြီးမလတ် ကယူ ပေးတယ် ကျမတို့ လဲယူ ကြတယ် မီးအပူ နဲ့ ကင်လိုက် စားလိုက် လုပ်နေရင်း ကျောက်ရှည် ကတစ်ဟား ဟားအော်ရီ တယ်အခု နရှက်ကိုး ရှက်ကန်း ဟန်တွေ ပျောက်လို့  သူဝတ်ထား တဲ့တီရှပ် အစိမ်းလေး လိုသူရီ သံတွေက ပေါ့ပါးလွပ် လပ်နေတယ် ကျမက ဘာရီတာလဲ ဆိုတော့ မလတ်ကို အရမ်းကျေး ဇူးတင်ပါ တယ်တဲ့ အခုနကုတ် နဲ့ ဒါတွေ ဘယ်လို စားမလဲတွေး မိလို့ ပါတဲ့  ကျမ တို့ လဲ တစ်ဟား ဟားသူနဲ့ အတူ လိုက်ရီ ကြတယ် ကျမကဒီ နေ့ နင်အတန် ဆုံးပဲလို့  ပြောတော့ ကံချင်းမယှဉ် နဲ့ တဲ့ အခု တော့အင်သမ်း ကဘိုလို တော်တော် ဟုတ်နေပြီ ထွေးညိုက ၀တ်တတ် စားတတ် နဲ့ ပေါင်တုတ် တုတ်တွေ သိမ်မဖေါ် တော့ဘူး ကျမက ရင်ခုန်စရာ တစက်မှ မကောင်းဘူး လို့ ထင်ခဲ့တဲ့ ကျောက်ရှည် ကသူ့ ကိုရင်ခုန်မဲ့ သူရှာတွေ့ လို့  အခြေကျအနေလှ ခဲ့ပြီ ကျမကတော့ အရင်တုန်း ကထက်ပို လို့  မြန်မာပြည် ကြီးကို မှန်းဆရင်း ပို...သာ..တိုး ..လို့ ...လွမ်းကောင်းတုန်းရှင်......................။


စာဖတ်သူများကိုအစဉ်လေးစားလျှက်

မမ

Labels:


Posted by Anonymous :: 2:18 PM :: 13 Comments:

Post / Read Comments

---------------oOo---------------