မမ

Saturday, February 14, 2009

ချစ်သူ




ဆယ်ကျော်သက်...

ကျောင်းပြေးကျူရှင်ပြေး
တို့ နှစ်ဦးကလွဲလို့ ..... ဘာမှမရှိကြေးနော်
တနေ့ ကုန်ထိုင်ပြီး ... တစ်စိမ့်စိမ့်ကြည့် 
နှင်းဆီနဲ့ ချောကလက်လဲလို့ 
သေတဲ့ အထိ အတူနေဘို့ 
မြတ်ဘုရားရှေ့ မှာ တိုင်တည်မယ် ။ ။

နှစ်ဆယ်ကျော်သက်.....

အလုပ်အားရဲ့လား.....စာမေးပွဲနီးနေလား.....
တွေ့ ဖြစ်အောင်တော့ ......တွေ့ ချင်တယ်...။
ချစ်သူများနေ့ .......ချစ်သူတွေနဲ့ တမ်းတူ
အတူလက်တွဲပြီး...... ဆင်နွဲခွင့်တော့
အမိအရကိုယူမှဖြစ်မယ်......။
ရှေ့ ရေးကိုလဲတိုင်ပင်ချင်တယ်
တစ်သက်လုံး..အမှတ်တရဖြစ်မယ်...
ပြန်လာတဲ့ အခါ..သူငယ်ချင်းတွေရဲ့ ကြား
ချစ်သူပေးတဲ့အရာ..... ကြွားချင်သေးလို့ ပါ ။ ။

သုံးဆယ်နားနီး သုံးဆယ်ကျော်..

တို့ နှစ်ဦးလဲ ချစ်သူပဲလေ......
ဒါပေမဲ့ အိုဗာတိုင်တွေ ရှိနေ...
မပြီးပြတ်တဲ့ အလုပ်တွေကြား
ဗျာများရင်းနဲ့ .....လူမသိအောင်
ရင်ထဲမှာတမ်းတ လွမ်းဆွတ်နေတာ
ဒီနေ့ မဖြစ်မနေတွေ့ရမဲ့..ငါ့ချစ်သူလို့ 
ပတ်ဝန်းကျင်က..သတ်မှတ်ထားတဲ့
မင်းတော့မဟုတ်.......။
ပြန်တွေးလိုက်တိုင်း..အနားနားရောက်လာ
နှလုံးသားခြင်းထပ်..
အမြတ်တနိုး စုံမက်ခဲ့ ဘူး
လူချင်းတွေ့စရာမလို ရင်ချင်းလဲအပ်ဘို့ မလိုတော့
ဝေးကွာသွားတဲ့ တို့ နှစ်ဦး....
ဒီအချိန်ရောက်တိုင်း
ထပ်တူခံစား.. ။ ။
ဟိုး..... အတိတ်ကိုတမ်းတ
ကြေမွနေတဲ့ ..... နှလုံးသားပေါ်မှာထင်ကျန်နေတဲ့
ပုံရိပ်စစ်က မင်းဖြစ်ပေမဲ့ 
တွေဝေမနေပဲ.....
သူပေးနေတာ လှမ်းယူလိုက်ပါ
မင်းသိပ်ကြိုက်တဲ့  နှင်းဆီစစ်စစ်
သူစီးထားတဲ့ကတ္တီပါစစ်ပေမဲ့ ......
ဆင်ခြောက်ကောင်တော့မဟုတ်ဘူး
နင်တွေဝေမနေနဲ့ အမြတ်တစ်နိုး ရှိုက်နမ်းလိုက်ပါ
ဆံပင်ရှည်ရှည်ပေမဲ့ 
နင်ရင်တစ်ခုလုံးသိမ်းကြုံးပစ်မဲ့ 
ငါသုံးနေကြ ရှန်ပူနံ့ တော့မဟုတ်တော့ဘူး


မမ

Labels:


Posted by Anonymous :: 9:19 AM :: 3 Comments:

Post / Read Comments

---------------oOo---------------