မမ

Thursday, February 12, 2009

မမဆိုတာ

Photobucket

ရိုးသားတဲ့ စိတ်နဲ့ ပွင့်လင်းစွာတွေး
ရဲရင့်တဲ့ စိတ်နဲ့ ရှင်းလင်းစွာချပြခဲ့ တာ
ပိုသွားတာမပါ..... လိုနေတာမရှိ
ပြန်စဉ်းစားကြည့် တော့ လဲ
အရာအားလုံးက ကွက်တိ...။
လေထဲကစကား
အစထဲက ယုံတတ်တာသူမ မဟုတ်..။
မြှောက်တိုင်းလဲ မမြှောက်
ခြောက်တိုင်းလဲ မကြောက်
ချော့ တိုင်းလဲမပျော့...။
သိချင်တာကို လေ့လာ
ထဲထဲဝင်ဝင်သိရဘို့ အပင်ပန်းခံ...။
တစ်ကယ်ဆိုရင် နေသားကျနေတဲ့ 
ဘ၀တွေကာကွယ်ဘို့ ..... ကူညီဘို့ 
ဖြည့်ဆည်းဘို့ ..... ချပြဘို့ ...
သူမကိုမှ.. မလိုအပ်တာ...။
ကလေးတယောက်လို နေဘို့ 
ရှာဖြတ်ခံထားရတဲ့ မီဒီယာ
လက်ဖြတ်ခံထားရတဲ့ စာရေးဆရာ
ဦးနှောက်ထုတ်ထားခံရတဲ့ ပညာရှင်တွေကြား...
တစ်ကယ်တော့ သူမက ဘာမှမဟုတ်
ရှင်သန်ခြင်းတွေနဲ့ ခုန်နေတဲ့ နှလုံးသားအစုံ
ကိုယ်တိုင်ထုတ်လို့ ....
အားလုံးနဲ့ တန်းတူ... လျှာဖြတ်ပေးပါ
လက်ဖြတ်ပေးပါ....
ဦးနှောက်တွေထုတ်ပေးပါ...။
ငိုညည်းနေတာ.....
တစ်ကယ်ဆို...အဲဒါ... သူမမဟုတ်ဘူး...။
နုနယ်လွန်းတဲ့နှလုံးသား
မာကြော ရင့်ကျက်နေတာ
အမိ မြန်မာပြည်ကို
အဝေးကနေ ပြန်မြင်ပြီးထဲကပါ။
ဒီမြေကိုနင်း ကြီးပြင်းခဲ့တာ
ဒီရေကိုသောက် ဒီလေကိုရှူ
ဒီသာသနာမှာ မွေးဖွားခဲ့တာ
ဗုဒ္ဒဘာသာစစ်စစ် အဖြစ်
ဒီအလှူတွေနဲ့ ကုသိုလ်ယူ...။
မေးသင့်လို့ မေးခွင့်ရှိလို့ မေးတယ်...။
ရေးသင့်လို့ ရေးခွင့်ရှိလို့ ရေးတယ်.....။
ဖြေသင့်လို့ ဖြေခွင့်ရှိလို့ ဖြေသွားခဲ့တာ....။
ရိုးသားတဲ့စိတ်အပြင် ပိုတဲ့အရာ စိုးစိမှမရှိ
သူမကိုယ် သူမသိပါ၏ ။

မမ

Labels:


Posted by Anonymous :: 5:47 PM :: 8 Comments:

Post / Read Comments

---------------oOo---------------