မမ

Friday, March 6, 2009

သရဲခြောက်သည်ဆိုသော မမတို့အိမ်ကြီး (၂)


ပုံကိုဒီနေရာမှ ယူပါတယ်..

အတွေးကိုယ်စီနဲ့ ငြိမ်နေကြတဲ့ ဧည့်ခန်းထဲမှာ နင့်ပခုံးကို လာကိုင်တဲ့လက်က အေးလားတဲ့ ဆိုတဲ့ မငယ်အသံကြောင့် ကျမမျက်စောင်းလှမ်းထိုးလိုက်တယ် ။ အနွေးထည် အထူကြီးဝတ်ထားတာ မငယ်အလှည့်ကျမှ အေးလားနွေးလား သေချာခံစားပေါ့လို့  ကျမပြောတော့ ။ အမေကတော်တော့ တဲ့ ။ အဒေါ်လတ်များ ကြောက်စရာလားဟာ တစ်မလွန်ကနေတောင် ကောင်ဖီလာဖျော်ပေးတာ ရှားပါ့တဲ့ ။
ငါတော့  တွေ့ရင်အဆင်ပြေရဲ့လား ဘာညာ စကားပြောမှာပဲလို့ အပြောကြီးတဲ့ မလတ်အလှည့်မှာတော့ တစ်အိမ်လုံး အုံးအုံးကြွက်ကြွက်ဖြစ်တော့တာပါပဲ ။ တစ်နေ့  သူ့သူငယ်ချင်းတွေ လာမှာမို့လို့ သူဟင်းချက်မယ်တဲ့ ။ မလတ်က လူမစားတဲ့ ဟင်းတွေသိပ်ချက်တတ်တာ .... ဟိ ။
သူက ဟင်းချက်ရင်း ပေါက်ကရသိပ်ပြောတာ အန်တီလေးရေ ဟင်းအိုးလေးတော့ အပေါ့အငန်မြည်းပေးနော် ။ ၀က်သားနီချက်က သကြားဒီလောက်ထည့်ရင် တော်ပြီလား ...။ တစ်ချိန်လုံး အန်တီလေးကို တပြီး ဟင်းချက်နေတာလေ........။
သူပြောနေတာတွေ နားထောင်ရင်း ကျမရင်ထဲမှာ စိမ့်ကနဲတစ်ချက် ဖြစ်သွားတယ်.....။ မလတ်နော် ဘာတွေ ပြောမှန်းကိုမသိဘူး တွေ့ ရင်လက်အေးလားနွေးလား ကိုင်ကြည့်ဘို့ မမေ့နဲ့လို့ ပြောခဲ့ရင်း ကျမအိမ်ရှေ့ထွက်လာတယ်။
ဆယ်မိနစ်လောက်ပဲ ထင်တယ် လာကြပါဦး လာကြပါဦး လို့ မလတ်အော်တော့ တစ်အိမ်လုံးမှာ သူရယ် ကျမရယ် ကောင်မလေးသုံးယောက်ရယ် ကလေးငယ်လေးရယ် ဒါပဲရှိတာလေ...။
ကျမပြေးသွားတော့ နောက်ဖေးဟင်းချက်တဲ့ အိုးနားမှာ သူတစ်ယောက်တည်း ...။ ကျမရောက်ပြီးမှ ကလေးထိမ်းကောင်မလေးက ကလေးချီပြီး ထွက်လာတယ် ။ နောက်တစ်ယောက်ကလဲ အခန်းထဲမှာ မီးပူတိုက်နေတယ်...။
သူ့ အနားကကောင်မလေးက ပျောက်နေတယ်..။ ကျမရေချိုးခန်းအိမ်သာပြေးကြည့်တော့ ကောင်မလေးက အိမ်သာထဲမှာ အပြင်ကဂျက်ချထားတယ် ထွက်လို့ မရဘူး ...။ နင်အော်ပါလား ပါးစပ်မပါဘူးလား ကျမဟောက်တော့ အော်နေတာ အသံတောင်ဝင်နေပြီ တဲ့.....ရှင်။
မလတ် ဘာဖြစ်တာလဲဆိုတော့ အဲဒီကောင်မလေးကို လက်ညိုးထိုးပြီး သူရှိနေတယ် ထင်တာတဲ့...။ သူတောင်းသမျှ ပေးနေတာတဲ့ လက်ခု ဇွန်းခွက် တဲ့...။ ဇွန်းခွက်ကို နောက်ပြန်ယူတော့ ပြုတ်ကြလို့  လှည့်ကြည့်တော့မှ လူမရှိတာ တွေ့ သတဲ့ ... ။ အိမ်မှာ လူကြီးကလဲ မရှိ ။ ကျမနဲ့ မလတ် အတော်ကိုကြောက်ခဲ့တာ...။
ကောင်မလေးတွေဆိုတာ မျက်နှာကိုငယ်လို့  ။ ကျမက သွားသွား ကိုယ့်အလုပ် ကိုယ်သွားလုပ် ဆိုတော့ ကောင်မလေးတွေက မီးဖိုချောင်က ထွက်သွားတယ်။
ခုနှစ်နာရီနီးပါးရှိနေပြီ ။ အဲဒီအချိန်မှာပဲ မလတ်က အတော့်ကိုထူးဆန်းတာပဲ .... ငါတော့ ဘယ်လိုမှမယုံနိုင်ဘူးလို့ တွေးတွေးဆဆ ပြောတယ် ။ ကျမက မလတ် အိမ်ရှေ့သွားမယ် ။ ဖုန်းဆက်ပြီး လူကြီးတွေ ခေါ်ရအောင် ဆိုတော့.... မီးဖိုခုံမှာတင် ထားတဲ့ ဇွန်းခွက် ပြုတ်ကြတဲ့အသံနဲ့ အပြိုင် မလတ်နဲ့ကျမ ငယ်သံပါအောင် အော်ပြီး တစ်ယောက်နဲ့တစ်ယောက် ဖက်ထားကြတယ်။
ဇွန်းခွက်ပြုတ်ကြတာ ဘာဖြစ်လဲလို့ မပြောကြပါနဲ့ရှင် အဲဒီဇွန်းခွက်က ရေကူးသလိုကူးပြီး ရေချိုးခန်းရှေ့ရောက်သွားတဲ့ အချိန်မှာတော့ ကျမတို့ ညီအမ အားလုံးကိုမေ့ပြီး ဘယ်လိုဆင်းပြေးမှန်းမသိ လမ်းမပေါ်ရောက်နေခဲ့ပြီ.... ။ကောင်မလေးတွေ ကလေးကိုချီပြီး ဆင်းလာတဲ့အချိန်မှာတော့ မလတ်က လှေခါးမှာထိုင်နေ ဘာမှမပြောနဲ့  လူကြီးတွေ အခုခေါ်မယ်ဆိုပြီး ဘေးအိမ်ကနေ ဖုန်းဆက်တယ် ....။ တစ်ယောက်ပြီး တစ်ယောက်ကို မနားတမ်းဆက်တော့တာ ....။ နာရီဝက်လောက်ကြာတော့ ဦးလေးကား အိမ်ကကား တတိယ အဒေါ်မိသားစု -၄၇- လမ်းက ဖေဖေ့အစ်ကိုဝမ်းကွဲ မိသားစု လူစုံတက်စုံ ရောက်လာတဲ့ အချိန်မှာတော့ မလတ်တင်းထားသမျှလျှော့ပြီး သတိလစ်သွားခဲ့ပြီ။
ကျမကို လူကြီးတွေမေးတာကို ဖြေရင်းဦးလေးက နောက်ဖေးခန်းတွေ လျှောက်ကြည့်တယ် .... ။ အခုနင်က ဇွန်းခွက်က ရေချိုးခန်းအ၀မှာ ဒီအတိုင်း အမျိုးသမီးကြီးတွေ အကုန်လုံးက တစ်ရှုံရှုံ ငိုကြတယ် ။ အဲဒီအချိန်မှာပဲ မီးက ဖြတ်ခနဲပျက်တော့ တစ်လမ်းလုံးမှောင်ကျသွားတယ် ။ ဦးလေးက မီးချိန်းဖို့ အောက်ကိုဆင်းဖို့ ဟန်ပြင်နေတုန်းမှာပဲ မီးကထိန်ကနဲ လင်းလာတယ်။ မီးပြန်လာတယ်ပေါ့ ဦးလေးက မသင်္ကာသလိုပုံစံနဲ့ ပြူတင်းပေါက်ကနေ လမ်းမကိုမျှော်ကြည့်တော့ အားလုံးထင်တဲ့အတိုင်းပဲ မီးနှစ်လိုင်းယူထားတဲ့ အိမ်တစ်ချို့ကလွဲလို့ အပြင်မှာမှောင်လို့  ဦးလေးက အောက်ကိုဆင်းပြီး မီတာပုံးကိုဖွင့်ကြည့်တော့ မီးလိုင်းက ချိန်းထားပြီးနှင့်ပြီ။
အတော့်ကို စိတ်မချမ်းမသာတဲ့ မျက်နှာတွေနဲ့မောင်နှမတတွေကို အမေကနှစ်သိမ့်တယ် ။ ဘာမှတွေးမနေကြပါနဲ့ အလှူအတန်းလုပ် အမျှပေးကြတာပေါ့ လို့ အမေပြောတဲ့ အချိန်မှာပဲ မီးဖိုချောင်ကနေ ဟိုးအရင်ကကြားတဲ့ ပစ္စည်းတွေ အကုန်ကျကွဲတဲ့ အသံတွေ စီကနဲထွက်လာတယ်။
အိမ်ရှိလူကုန် မီးဖိုချောင်ကို ပြေးကြည့်ကြတယ် ။ အရင်အတိုင်း ခြေရာလက်ရာမပျက် တိတ်လို့ဆိတ်လို့.....။ အဲဒီအချိန်မှာတော့ သြဇာအင်မတန်ကြီး သက်ရှိထင်ရှားရှိစဉ်က ဦးလေးကို အင်မတန် လေးစားကြောက်ရွံ့ရတဲ့  အဒေါ်နှစ်ယောက်ကို နံမည်ခေါ်ပြီး လူတွေကို မနှောက်ယှက်ဖို့ ဆက်ပြီးဒီလိုတွေ လုပ်နေမယ်ဆိုရင် သင့်တော်သလိုစီစဉ်မယ်လို့  ဦးလေးကပြောတော့ လာတဲ့သူတွေက ၀မ်းနည်းပြီး ငိုကြပြန်ရောရှင်........။
ဦးလေးရဲ့သားတော်မောင် ဆြာကြီးတွေက သိပ္ပံပညာရှင်တွေလေ မီးအားပြည့်လို့ မီးခလုတ်က တွန်းကန်တက်တာတို့ ကျမက ညအချိန်မတော် လူသတ်တဲ့ကားတွေ ကြည့်ပြီး စိတ်ထင်ယောင်ထင်မှား ဖြစ်တာတို့  ဇွန်းခွက်က ပြုတ်ကျတော့ ဖင်နဲ့ ဒေါင်လိုက်ကျပြီး ရေချိုးခန်းရှေ့ ကို ကန်ပြီးလွင့်သွားတာတို့ မလတ်ကတော့ ကိုယ့်ကိုယ်ကိုကြည့်ရင်း လောကကြီးမှာ တို့ တွေမသိတဲ့မမြင်ရတဲ့ အရာတွေအများကြီး ဆိုတာလက်ခံလိုက်ပြီတဲ့..... ။
ကျမကတော့ မယုံသင်္ကာနဲ့ အကိုတွေကို တစ်ကယ်ဆို အဒေါ်တွေက ကျမတို့ထက် သူတို့ ကိုပိုချစ်တာ.... ကိုကို တို့လိပ်စာ မသိလို့လားမသိဘူး.....။ လေးလေး တစ်ခါထဲ ခေါ်သွားရင်ရောလို့ ကျမကမေးတော့...။
အမေက အင်မတန်မှအားနာလွန်းတဲ့ မျက်နှာနဲ့ မဟုတ်တာမမရယ် ..... ။ မဟုတ်ကဟုတ်က ပြောရော့မယ်လို့ ပြောတယ် ။ သိပံ္ပပညာရှင်ညီအကိုတွေကတော့ အသံတိတ်ပြီး ပြူးကြောင်ကြောင် ကြည့်နေတယ်။
မလတ်က နေပါစေသူ့တို့ ဖြစ်ချင်တာ ဖြစ်သင့်တာ နည်းလမ်းရှာပြီး အကောင်းဆုံးကို လုပ်ပေးရမယ် အားလုံးယုံရင်ယုံ မယုံရင်နေ ဒီအိမ်မှာ ကျမတို့ အဒေါ်နှစ်ယောက် သေဆုံးပြီးသည့်တိုင် ကျမတို့ နဲ့ အတူ ရှိနေဆဲဆိုတာကို ကျမတော့လက်ခံတယ် ။ နောက်ဘယ်သူတွေရှိအုန်းမလဲ .... ။ အားလုံးသေချာလေ့လာပြီး အကောင်းဆုံး လုပ်ပေးရမယ်လို့ ပြောတယ်။
အားလုံး နှုတ်ဆက်ပြီးပြန်တော့ အူကြောင်ကြားအဒေါ်တွေက ကျမတို့ အပြင်ဟိုအခန်းဝင် ဒီအခန်း ထွက်နဲ့ မမြင်ရတဲ့အဒေါ်နှစ်ယောက်ကို နှုတ်ဆက်နေသေးရှင်....။ အစ်ကိုတွေကတော့ ရှေ့ဆုံးကနေ ပြေးတာပေါ့  အစ်ကိုလတ်ကို အဒေါ်အပျို ကြီးက အသဲစွဲလေ ကုတ်ချောင်းချောင်းနဲ့ ဟိုကြည့်ဒီကြည့် လုပ်နေလို့ မလတ်က အဒေါ်ကူချက်ထားတဲ့ ၀က်သားနီချက်လေး ယူသွားပါဦးလား ဆိုတော့ ဟင့်အင်း ထမင်းစားပြီးပြီတဲ့ အဲလို ကြောက်ကြတာယုံ....။
အမေတို့ ထွက်သွားတော့ ကျမက မလတ်ကြောက်စရာကြီးနော်လို့ စကားစတော့...။ ရုတ်တရက် ဖြစ်တာရယ် သဘာဝကို ဆန့်ကျင်တာရယ်ကြောင့်ပါတဲ့..... ။ မလတ်..ကလဲ ကြောက်ကြောက်တယ်ပေါ့ဟာ...။ သတိတွေဘာတွေတောင် လစ်လို့ ဟာ စိတ်ထဲမကောင်းဘူးဟ ။ စဉ်းစားရင် ကြောက်စရာကြီး အဒေါ်ငယ်ငယ်ချောချောလေးတွေ အခုတော့သရဲ ဖြစ်နေတယ်နော်တဲ့......... ။ သရဲကိုမကြောက်ဘူး သေရင်သရဲဖြစ်မှာကြောက်တာ...။ သူတို့ ဘာလို့ သရဲဖြစ်လဲ မေးလို့ ရရင် ကောင်းမယ်တဲ့.....။
မလတ် သူငယ်ချင်းသုံးယောက် ရောက်လာတော့ မလတ်က မျက်နှာရိပ်နဲ့ မပြောဘို့ အချက်ပေးတယ် ။ ကျူရှင်ပြန်လာတဲ့ မငယ်က ပြူးတူး ပြာတာ နဲ့ ဘာဖြစ်တာ လဲတဲ့....။
မငယ် နဲ့ အခန်းပြင်ကို အတူထွက်လာရင်း ကျမကပြောပြတယ် မငယ်က တစ်ကယ်ကြီးလားလို့ မေးရင်း တောင်ကြည့်မြောက်ကြည့်နဲ့ ကျမက မငယ် ဒီည ဂျယ်နီ တို့ကိုခေါ်ရအောင် မလတ် လူတွေကိုလဲ အိပ်ခိုင်းမယ် တို့ ဖမ်းရအောင်နော်ဆိုတော့ တက်ကြွစွာနဲ့ အေးတဲ့............။
ဂျယ်နီ ဆိုတာ ကျမသူငယ်ချင်း ဘိုကပြား ဘယ်လို ပြောရပါ့ ကျမသိသလိုပြောရရင် သူ့ အဖေရဲ့အမေက မြန်မာစကားလုံးဝမတတ်တဲ့ အော်စီလူမျိုး ..... သူက ကားမောင်းကျွမ်းတယ် ရုပ်ချောတယ် ။ အဲ....သရဲ အသေကြောက်တာတော့ အဲဒီညမှသေချာသိတာ...။ သူတို့ ကလဲ ညီအမလေးယောက် အကုန်ချောတယ် ။ အခုတော့ ရန်ကုန်မှာ တစ်ယောက်ပဲ ကျန်တဲ့သူတွေက နိုင်ငံပေါင်းစုံမှာ...။ အဖေကလဲ မရှိရှာဘူး ကျမကို အသေခင်အသေတွဲ... ။ ကျမတို့ ညီအမကိုတော့ အမေကစိတ်ချတယ် ။ ဟီး .... မလတ်သူငယ်ချင်းတွေ ဆိုပေမယ့် ကျမတို့ ညီအမတွေနဲ့လဲ အားလုံးခင်ကြတယ် ။
သူငယ်ချင်းတွေ အကုန်စုံတော့ သူတို့ကို ဒီညအိမ်မှာ အိပ်ကြဘို့ပြောတယ်...။ သူတို့အိမ်တွေဆီကို ဖုန်းဆက်ပြီး ခွင့်တောင်းကြတယ် ။ ကျမတို့အိမ်မှာ အဲဒီတုန်းက ယောင်္ကျားလေးဆိုလို့ အဖေတစ်ယောက်ပဲရှိတာ ။ မောင်အရင်းက အကိုတွေနောက်လိုက်နေတာ အိမ်မှာယောင်္ကျားဖေါ် မရှိလို့ .....။
အမေ ကျမတို့ညီအမလေးယောက် ကောင်မလေးသုံးယောက်နဲ့ အဒေါ်ငယ်ရဲ့ကလေးငယ်လေးရယ် ၊ ကလေးအကြီးကတော့ နောင်နှစ်ကျောင်းတက်ရတော့မှာဆိုတော့ မတတ်ခင် တတိယအဒေါ်က ခဏခေါ် ထားတယ် ။ ပြီးတော့ ဒေါ်ကြီးရယ် ဖေဖေရယ်..... ဒါက အိမ်ရှိလူကုန်...။ နေ့တိုင်းမိန်းကလေး သူငယ်ချင်းတွေ တစ်အုန်းအုန်းဝင်ထွက် ညအိပ်လဲ သူတို့အိမ်တွေက အကုန်စိတ်ချတယ်။
အဟီး...... စာရေးတာ တောင်ရောက်မြောက်ရောက်တဲ့ ..... ။ ကျမတို့ အိမ်ပုံစံကိုလဲ ပြောပြမှဖြစ်မှာ ....။ ဒီလို မြေညီက တက်ရင် ကိုယ်ပိုင်လှေခါး အကျယ်ကြီးကို ကိုးထစ်လောက်တက်ပြီးရင် ဘဲလ်တီး တံခါးလာဖွင့်တဲ့ အခါ ဘိနပ်ချွပ်လိုမျိုး နေရာတော်တော်ကျယ်ကျယ်ရှိတယ်.....။ ပြီးရင် အပေါ်ကို ဆယ်ငါးထစ်လောက် ထပ်တက်လိုက် ညာဘက်မှာသံပန်းစေ့ထားတယ် ။ အိမ်ရဲ့ဧည့်ခန်းပဲ မ၀င်ချင်ဘူး ဘယ်ကို သုံးလှမ်း လောက် လှမ်းပြီး ဆယ့်နှစ်ထစ်လောက် ဆက်တက်ရင် အပေါ်ထပ်ပဲ......။ အပေါ်ထပ်ကနေ အတွင်းလှေခါးနဲ့  အောက်ကိုဆင်းလို့ ရသလို အပေါ်ထပ်ကနေ အောက်ထပ်ကို မှန်အမဲတွေကနေ ငုံ့ကြည့်ရင် ဧည့်ခန်းထဲကို အကုန်အပေါ် စီးကနေကြည့်လို့ရတယ် ။
ဧည့်ခန်းက အကျယ်ကြီး အိမ်အကျယ်က လှေခါး မပါ ၃၆ပေ ပေ၆၀ ရှည်တယ်....။ လှေခါးနေရာနှုတ်ပြီး ဧည့်ခန်းက ၂၈ပေ လောက် ကျန်နေဦးမယ် ။ ပြီးတော့မှ သင်္ဘောခန်းလို့ ခေါ်တယ် ...။ မျက်နှာခြင်းဆိုင်အခန်း ၂ခန်းစီ ..... လေးခန်း..။ မီးဖိုဆောင်က အကျယ်ကြီး ထမင်းစားခန်းနဲ့ မီးဖိုဆောင်ကို နံရံကပ်တွေနဲ့ အလည်ကဖြတ်ထားတယ် .....။ တံခါးမထားဘူး ပြီးရင် ညာဘက်ထောင့်မှာ ရေချိုးခန်းအိမ်သာ နှစ်စုံတွဲရက်။ ကျမပြောချင်တာ ကျမတို့ မိသားစုနဲ့ အိမ်ကိုတွက်ချက်လိုက်ရင် အကုန်ပျောက်နေတယ်။
အပေါ်ထပ်က ၀င်ဝင်ခြင်း စားပွဲတစ်လုံးပစ္စည်းတွေထားတယ် .....။ ၁၅ ပေလောက်ကနေပြီး စလိုက်ဒိုးနဲ့ မှန်အမဲ တွေနဲ့ ကာထားတယ် ။ အလျားလိုက်နော် .....။ အထဲကဟောခန်းကြီး နောက်ကိုငုံ့ကြည့်ရင် မီးဖိုဆောင် ထမင်းစားခန်း ရေချိုးခန်း ၊ အိမ်သာအကုန်မြင်ရတယ် ။ နောက်မှကျမတို့က နှစ်ဖက်မြင်မှန်အမဲတွေကို အောက်ကိုမမြင်ရအောင် ဆေးတွေသုတ်ပစ်လိုက်တာ .....မသုတ်ခင် အရင်ကဆိုအကုန် မြင်ရတယ်။

ဆက်ရန်..

Labels:


Posted by Anonymous :: 7:03 PM :: 3 Comments:

Post / Read Comments

---------------oOo---------------